18.11.13

သဘာဝနယ်မြေ တည်ထောင်ရန် လျာထားဧရိယာ ရှစ်ခုရှိပြီး တည်ထောင်ပြီးပါက နိုင်ငံ၏ ကိုးရာခိုင်နှုန်းကျော်ရှိ သဘာဝ သယံဇာတများ ထိန်းသိမ်းနိုင်မည်

မြန်မာနိုင်ငံတွင် သဘာဝ နယ်မြေအဖြစ် တည်ထောင်ရန် လျာထားသော ဧရိယာ ရှစ်ခုရှိပြီး အဆိုပါ နယ်မြေများကို ကြေညာချက် ထုတ်ပြန်ကာကွယ် ပြီးပါက နိုင်ငံအကျယ်အ၀န်း၏ ၉ ဒသမ ၀၆ ရာခိုင်နှုန်း အတွင်းရှိ သဘာဝ
သယံဇာတများကို ကာကွယ်ထိန်းသိမ်း နိုင်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိကာလ၌ သိပ္ပံကြိုးဝိုင်း၊ အမျိုးသားဥယျာဉ်၊ အဏ္ဏ၀ါ အမျိုးသားဥယျာဉ်၊ သဘာဝကြိုးဝိုင်း၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ဘူမိရူပ ထူးခြားသည့် ကြိုးဝိုင်းနှင့် ၀န်ကြီးက သတ်မှတ်သော အခြားသဘာဝ ကြိုးဝိုင်းဟူ၍ သဘာဝနယ်မြေ အမျိုးအစား ခုနစ်မျိုး ခွဲခြားထားကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝ နယ်မြေများနှင့် သဘာဝ သယံဇာတများ စီမံအုပ်ချုပ် ထိန်းသိမ်းရေးအတွက် ဥပဒေများ ထုတ်ပြန်ခဲ့ပြီး အမျိုးသားဥယျာဉ်၊ အဏ္ဏ၀ါ အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော စသည့်သဘာဝ နယ်မြေအမျိုးအစားကွဲများ တည်ထောင်ခဲ့ရာ လက်ရှိကာလအထိ သဘာဝ နယ်မြေပေါင်း (၃၈) ခု၊ ဧရိယာ ဧကအားဖြင့် ၉၃၈၀၇၃၂ ဒသမ ၂၈ ဧက၊ စတုရန်းမိုင်ပေါင်း (၁၄၆၅၇ ဒသမ ၄၂)ကို တည်ထောင်ထားပြီး ဖြစ်ကြောင်းနှင့် နိုင်ငံဧရိယာ၏ ၅ ဒသမ ၆၁ ရာခိုင်နှုန်းကို ထိန်းသိမ်းထားသည်။

အဆိုပါ သဘာဝ ထိန်းသိမ်းရေး နယ်မြေများမှာ ကချင်ပြည်နယ်ရှိ ပိတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကချင်ပြည်နယ် နောင်မွန်မြို့နယ်ရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ ပူတာအိုရှိ ဖုန်ကန်ရာဇီ တိရစ္ဆာန် ဘေးမဲ့တော၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ တနိုင်းမြို့ရှိ ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရ စ္ဆာန် ဘေးမဲ့တော၊ ဆွမ်ပရာဘွမ်ရှိ ဘွမ်ဖာဘွမ် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကရင်ပြည်နယ်အတွင်း ဖာပွန်မြို့နယ် ကဟီးလူ တောရိုင်းတိရ စ္ဆာန် ဘေးမဲ့တောနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ မူလာရစ် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ချင်းပြည်နယ် ကန်ပက်လက်၊ မတူပီနှင့် မင်းတပ်မြို့နယ်ရှိ နတ်မတောင် အမျိုးသားဥယျာဉ်၊ ပလက်ဝမြို့ရှိ ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်ရှိ ချပ်သင်းတောရိုင်းတိရ စ္ဆာန် ဘေးမဲ့တော၊ ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်ရှိ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ စစ်ကိုင်းမြို့ရှိ မင်းဝံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်ရှိ အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်၊ နန်းယွန်းမြို့နယ်နှင့် ခန္တီးမြို့နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်း (တိုးချဲ့) တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ထို့ပြင် ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင်လည်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများ ထိန်းသိမ်းထားကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment