18.11.13

"သပိတ်စခန်း ဖြိုခွင်းခံရမူတစ်နှစ်ပြည့်အခမ်းအနား ကျင်းပ"


စစ်ကိုင်းတိုင်းဒေသကြီး၊ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ဗိုလ်တထောင် စေတီမှာ
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဆုတောင်းပွဲတရပ်ကို ဒီနေ့ညနေ မှာ ကျင်းပခဲ့ကြပါတယ်။

အဲဒီဆုတောင်းပွဲကို အရပ်ဖက်လူမှုအဖွဲ့စည်းတွေက လူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ၊ လက်ပံတောင်းတောင်ဒေသမှာ သံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်ပြီဖြစ်ပေမယ့် အစိုးရနဲ့ဒေသခံတွေအကြား ပြေလည်မှု မရရှိသေးတာနဲ ပတ်သက်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းညှိနှိုင်းသွားဖို့ ဆုတောင်းပွဲတက်ရောက်လာသူတွေက သဘောတူခဲ့ကြပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဆုတောင်းပွဲ ဦးဆောင်ကျင်းပတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်မှ ကိုဝေဠုက အခုလို ပြောပါတယ်။

"လွန်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာဖို့ ကြိုးစားသူတွေ မီးလောင်ဒဏ်ရာတွေ သင့်ခဲ့တာကို တစ်နှစ်တာကြာသွားတယ် ပြေလည်မူမရသေးတဲ့ ကိစ္စတွေကို ငြိမ်းချမ်းစွာပြေလည်မူရရှိဖို့ ကျွန်တော်တို့ ဆုတောင်းပွဲလေး လုပ်တာပါ"

ဒီဆုတောင်းပွဲကို ၈၈မျိုးဆက်ကျောင်းသားနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း၊ Generation Wave အဖွဲ့၊ Generation Yothအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် (ဗကသ)၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)နဲ့ အလုပ်သမား၊လယ်သမားအရေး လှုပ်ရှားဆောင်ရွက် သူတွေတက်ရောက်ကြခဲ့ကြပါတယ်။

အလားတူပဲ လက်ပံတောင်းသပိတ်စခန်းဖြိုခွင်းခံရမှု တစ်နှစ်ပြည့်ဆုတောင်းပွဲတစ်ရပ်ကို စစ်ကိုင်းတိုင်း၊မုံရွာမြို့ရွှေစည်းခုံစေတီမှာ ဒီကနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

RFA

0 comments:

Post a Comment