5.11.13

သြစ တြေးလျ ဓန သဟာယ နိုင်ငံ ဘုရင်ခံ ချုပ်နှင့် ခင်ပွန်း ဦးဆောင်သော အဖွဲ့ နေပြည်တော် သို့ ရောက်ရှိ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့၏ ဖိတ်ကြားချက်အရ သြစတြေးလျ ဓန သဟာယ နိုင်ငံ ဘုရင်ခံ ချုပ် မစ္စကွင်တင်း
ဘရိုက်စ်နှင့် ခင်ပွန်း မစ္စတာ မိုက်ကယ် ဘရိုက်စ်တို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ညနေ ၃နာရီခွဲတွင် နေပြည်တော်သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိလာရာ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့်ဇနီး ဒေါ်လင်းလင်းတင်၊ ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်၊ မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ နိုင်ငံ သံအမတ်ကြီး Ms. Bronte Nadine Moules ၊ သြစတြေးလျ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် တာဝန် ရှိသူများက နေပြည်တော် ပြည်ပြည် ဆိုင်ရာ လေဆိပ် ၌ ကြိုဆို နှုတ်ဆက် ကြသည်။

ဧည့်သည်တော် သြစတြေးလျ ဓနသဟာယ နိုင်ငံ ဘုရင်ခံချုပ်နှင့် ခင်ပွန်းနှင့် အဖွဲ့အား ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အမျိုးသမီးငယ် လေးနှစ်ဦးက ဂုဏ်ပြု ပန်းစည်း ပေးအပ်ပြီး အနုပညာ ဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်း သူလေးများက လည်းကောင်း၊ ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု၍လည်းကောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဝင်လမ်း ဘေးဝဲ/ ယာမှ ကျောင်းသား၊ ကျောင်းသူလေးများက နှစ်နိုင်ငံ အလံငယ်များကို ဝှေ့ယမ်း၍ လည်းကောင်း ကြိုဆို နှုတ်ဆက် ကြသည်။

မြ၀တီ

0 comments:

Post a Comment