5.11.13

Myanmar Handsome အထည်ချုပ်စက်ရုံအလုပ်သမားများ ငါးရက်မြောက် အဖြစ် ဆက်လက်သပိတ်မှောက်နေကြပြီး စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲဖြစ်

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ်စက်ရုံ မှ သပိတ်မှောက်အလုပ်သမား ၃၂၀ ကျော်မှာ
ငါးရက်မြောက်အဖြစ် ဆက်လက်သပိတ် မှောက်ခဲ့ကြပြီး တောင်းဆိုချက် (၄) ချက်အား စက်ရုံတာဝန်ရှိသူများနှင့်ညှိနှိုင်းနေဆဲဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစည်သူမင်းက ပြောကြားခဲ့သည်။

''ကျွန်တော်တို့ အလုပ်သမားခေါင်းဆောင်တွေနဲ့ စက်ရုံတာဝန်ရှိသူတွေ ညှိနှိုင်း နေဆဲပါ။ ကျွန်တော်တို့ဘက်က တောင်းဆိုတာ (၄) ချက်ပဲ တောင်းဆိုတာပါ။ ခုထိ တော့ညှိနှိုင်းနေဆဲပါ''ဟု ပြောကြားခဲ့သည်။

အဆိုပါစက်ရုံအလုပ်သမား ၃၂၀ ကျော် မှာ အောက်တိုဘာ ၂၇ ရက်က အလုပ်သမား ခေါင်းဆောင်ကိုစည်သူမင်းအား လက်မှတ် ထိုးခိုင်းပြီးအလုပ်ထုတ်ခဲ့သည့်အတွက် အလုပ်ပြန်လည်ခန့်ပေးရန် အောက်တိုဘာ ၂၈ ရက်မှ စ၍ စက်ရုံထမင်းစားဆောင်၌အလုပ် မဆင်းဘဲစတင်တောင်းဆိုခဲ့ကြခြင်းဖြစ်ကာ အောက်တိုဘာ ၃၁ ရက်တွင်မူ စက်ရုံအပြင် ၌ သပိတ်စခန်းဖွင့်ကာ အချက်လေးချက်အား တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ယင်းစက်ရုံ၌ အလုပ်သမား များအားစောင့်ကြည့်ရန်အတွက် စီစီတီဗွီကင် မရာများအား မိန်းကလေးအိမ်သာကော်ရစ် တာအထိ တပ်ဆင်ထားပြီး ယင်းကင်မရာမှတ်တမ်းများကိုစောင့်ကြည့်ရန်အတွက် တရုတ်အမျိုးသားတစ်ဦးအား ငှားရမ်းစောင့် ကြည့်ခိုင်းကြောင်း စက်ရုံအလုပ်သမားများက ပြောကြားသည်။

အလုပ်သမားတစ်ဦးက ''ကျွန်မတို့မိန်း ကလေးအိမ်သာကော်ရစ်တာအထိ စီစီတီဗွီ တွေကို တပ်ထားတယ်။ အလုပ်နဲ့သက်ဆိုင် တဲ့နေရာတွေမှာ တပ်တာတော့ ဘာမှမပြောလို ပါဘူး။ ခုဟာက မိန်းကလေးအိမ်သာနား အထိတပ်ထားတယ်ဆိုတော့ ကျွန်မတို့ ထဘီ တောင်ဖြန့်မ၀တ်ရဲဘူး။ ဒါက ကျွန်မတို့ရဲ့ ပုဂ္ဂလိကလွတ်လပ်မှုကို ချိုးဖောက်တာပါ'' ဟု ဆိုသည်။

ဉာဏ်ဝင်းရှိန်

Eleven Media Group

0 comments:

Post a Comment