16.11.13

ဓါတ်ပုံရှင်တရားခံများ၏ သတင်းပေးနိုင်သူအားထိုက်တန်စွာဆုချီးမြှင့်မည်

၆.၁၁.၂၀၁၃ရက်နေ့က တရားလို ဦးကျော်မင်းဦးနှင့် ဇနီးဒေါ်မိုးမိုးအေးတို့သည် တွံတေးမြို့နယ်၊
 ဘုရားကြီးကျေးရွာမှ ဒလမြို့သို့ ဆိုင်ကယ်ဖြင့်
သွားရောက်စဉ်ပိတ်ဆွယ်ရွာအရောက်အမည်

မသိလူမြင်မှတ်မိသူ(၃)ဦးမှ ကားပေါ်ဆွဲတင်
ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း(၂၀၀၀)ဖြင့် လာရောက်ရွေးရန် ညီမဖြစ်သူ မမိုးမိုးအောင်အား အကြောင်းကြားသဖြင့် အရေးယူထားသည့် အမှုဖြစ်ပြီး အမှုအားကျူးလွန်သည့် တရားခံများ

ဖြစ်သော (၁) ကျော်ဝင်းစိန်(ခ)ကျင်စိမ်း(ပြစ်ဒဏ်(၆၄)နှစ်
ကျခံနေရာမှ ထွက်ပြေးနေသူ)၊ (၄၁)နှစ်၊ (ဘ)ဦးကြည်ရှိတ်၊ အမှတ်-မရှိ၊ပတ္တမြားလမ်း၊ ကမ်းနားအနောက်ရပ်ကွက်၊အင်းစိန်
မြို့နယ်၊(၂)စိုးမင်းဦး(ခ)သံပါးစပ်(ပြစ်ဒဏ် (၁၇)နှစ်ကျခံနေရာမှ ထွက်ပြေးနေသူ)၊ (၃၃)နှစ်၊ (ဘ)ဦးကုလား(ခ)ဦးမြင့်(ကျော်ဝင်းစိန်နှင့်လိပ်စာတူ)၊

(၃)ကထီး(ခ) သူရဇော်ဦး(ဘ)ဦးမြလှိုင်၊ အမှတ် (၁၂၃၂)၊ ညောင်ဦးဖီးလမ်း၊
အမှတ် (၃)လမ်းသွယ်၊ကန်သာယာ (၁၉)ရပ်ကွက်၊လှိုင်သာယာမြို့နယ်တို့ (၃)ဦးနှင့်ပတ်သက်၍ အောက်ဖေါ်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီပေးနိုင်ပါရန် ပန်ကြားအပ်ပါသည်-

၀၁-၂၃၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၉-၈၆၀၂၃၆၄(အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၆၇(အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၆၉(တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၈၆(မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊

တရားခံများရှိနိုင်သည့်နေရာအား တိကျသေချာစွာသတင်းပေးနိုင်ပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှထိုက်တန်စွာဆုချီးမြှင့်
သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment