11.12.13

ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာအမျိုးသားဘောလုံးအသင်း ချန်ပီယံဆု ဆွတ်ခူးခဲ့လျှင် ဆုကြေးငွေ ကျပ်သိန်း၁၀၀၀ ကမ္ဘောဇဘဏ် လီမိတက် ချီးမြှင့်မည်

၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်
် မြန်မာဘောလုံးအသင်းများအတွက် ချီးမြှင့်မည့် ဂုဏ်ပြုဆုကြေးငွေများကို ကမ္ဘောဇဘဏ်လီမိတက်က ထုတ်ပြန်ကြေညာလိုက်သည်။
ကမ္ဘောဇဘဏ်လီမိတက်မှဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာအမျိုးသားဘောလုံးအသင်းအတွက် ချီးမြှင့်မည့် ဂုဏ်ပြုဆုငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) ကမ္ဘောဒီးယားအသင်းကို အနိုင်ရရှိခဲ့ခြင်းအတွက် ဆုကြေးငွေ ကျပ်သိန်း(၁၀၀)။
(ခ) အရှေ့တီမောအသင်းကို အနိုင်ရရှိခဲ့ခြင်းအတွက် ဆုကြေးငွေ ကျပ်သိန်း(၁၀၀)။
(ဂ) ထိုင်းအသင်းကို အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း(၂၀၀)။


(ဃ) အင်ဒိုနီးရှားအသင်းကို အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း(၂၀၀)။
(င) အကြိုဗိုလ်လုပွ္ပဲတွင် အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း(၅၀၀)။
(စ) ချန်ပီယံဆု ဆွတ်ခူးခဲ့လျှင် ဆုကြေးငွေ ကျပ်သိန်း(၁၀၀၀)။

ကမ္ဘောဇဘဏ်လီမီတက်မှဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဘောလုံး
အသင်းအတွက် ချီးမြှင့်မည့် ဂုဏ်ပြုဆုငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) ဖိလစ်ပိုင်အသင်းကို အနိုင်ရရှိခဲ့ခြင်းအတွက် ဆုကြေးငွေ ကျပ်သိန်း(၁၀၀)။
(ခ) ဗီယက်နမ်အသင်းအား အနိုင်ရှိခဲ့လျှင် ဆုကြေးငွေ ကျပ်သိန်း(၁၀၀)။
(ဂ) အကြိုဗိုလ်လုပွဲတွင် အနိုင်ရရှိလျှင် ဆုကြေးငွေ ကျပ်သိန်း(၃၀၀)။
(ဃ) ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့လျှင် ဆုကြေးငွေ ကျပ်သိန်း(၅၀၀)။

Popular Myanmar News Journal

0 comments:

Post a Comment