11.12.13

ဆီးဂိမ်းသတင်းအချက်အလက်များ ဖုန်းမှတစ်ဆင့် အခမဲ့မေးမြန်းနိုင်

ရန်ကုန် ။ ။ ဆီးဂိမ်းနှင့် ပတ်သက် သည့် သတင်းအချက်အလက်များ ကို ဖုန်းဖြင့် အခမဲ့မေးမြန်းနိုင်ပြီး မြန်မာဘာသာသာမက ဘာသာ စကားငါးမျိုးဖြင့် ၂၄နာရီ ပြန် လည်ဖြေကြားပေးသွားမည့် ဝန် ဆောင် မှုပေးနေ ပြီဖြစ်ကြောင်း Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ သိရသည်။


Call Center ဝန်ဆောင်မှု အနေဖြင့် ဆီးဂိမ်းမစတင်မီကာလ မှ ပြိုင်ပွဲများပြီး ဆုံးသည်အထိ သတင်းအချက်အလက်များကို အင်္ဂလိပ်၊ တရုတ်၊ ထိုင်း၊ မလေး ရှားနှင့် ယိုးဒယားဘာသာစကား များဖြင့် ဆီးဂိမ်းပြိုင်ပွဲကျင်း ပရာ နေရာလေးနေရာမှ အားကစား ကွင်း လိပ်စာများ၊ ပြိုင်ပွဲ ပွဲစဉ်များ၊ ပွဲစဉ်အနိုင်အရှုံးရလဒ်များ၊ လက် မှတ်ရရှိနိုင်သည့်နေရာ များကို မေး မြန်းနိုင်ကြောင်း သိရသည်။

''အားကစားသတင်းတွေ သာမက ဟိုတယ်လိပ်စာ၊ စား သောက်ဆိုင် ၊ လေယာဉ် ၊ ကား လက်မှတ် အစရှိတာတွေလဲ မေး မြန်းနိုင်ပါတယ်။ အားကစားပွဲနဲ့ ပတ်သက်တာတွေမှန်သမျှကို ဖြေ ကြားဖို့အတွက် သီးသန့် Hot Line 1881 ကိုဖွင့်ပေးထားတာပါ'' ဟု Blue Ocean Operating Management ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖူးပွင့်သော်
Yangon Media Group

0 comments:

Post a Comment