16.9.14

M.I.B အဖွဲ့ရဲ့ M.I.B Yangon Live ‘’AQUA BOMB”နှင့် မန္တလေးမှာ ပထမဆုံး ပြုလုပ်ကျင်းပမယ့် K-Pop ရှိုး စာနယ်ဇင်းမိတ်ဆက်ပွဲ


ကိုရီးယားနိုင်ငံရဲ့ကျော်ကြားသောK-Pop အဖွဲ့တွေထဲမှ တစ်ခုအပါအဝင်ဖြစ်သော M.I.B K-Pop နှင့်ပတ်သက်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို စက်တင်ဘာ၊ ၁၅ရက်နေ့က Central ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ K-Pop ပွဲအား ပြုလုပ်ရတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး HANBAEK Organizer ရဲ့တာဝန်ရှိသူတစ်ဦးက “မြန်မာနိုင်ငံကြက်ခြေနီများအသင်းရဲ့ ဆင်းရဲသူများ လျော့ကျစေဖို့ အတွက် ရန်ပုံငွေပွဲအဖြစ် ပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။ ဒီပွဲကနေ ရလာတဲ့ အမြတ်စွန်းထဲက တစ်စိတ်တစ်ဒေသကိုမြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကိုရီးယား Education Center နှင့် မြန်မာနိုင်ငံမှာရှိတဲ့ မိဘမဲ့ကလေးကျောင်းတွေကို လှူဒါန်းသွားမှာပဲဖြစ်ပါတယ်။ M.I.B K-Pop အဖွဲ့ဟာ ဘရာဇီးWorld Cup ပွဲနှင့် အမေရိကားကို သွားရောက်ဖျော်ဖြေခဲ့စဉ်တုန်းကလည်း ပရိသတ် အားပေးမှုရရှိခဲ့လို့ အောင်မြင်မှုရရှိခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ နောက်ပြီး ဂျပန်နိုင်ငံမှာလည်း သွားရောက် ဖျော်ဖြေခဲ့ရာမှာလည်း အောင်မြင်မှု ထပ်ရရှိခဲ့ပါသေးတယ်။ ဂျပန်မှာဆိုရင်တော့ သူတို့ရဲ့အခိုင်အမာပရိသတ်က ၆၀၀၀ကျော်လောက် ရှိခဲ့ပါတယ်။ အခုလုပ်မယ့် ပွဲကမန္တလေးမှာ ပထမဦးဆုံး ပြုလုပ်ကျင်းပခြင်းပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်  မန္တလေးမှာ K-Pop ကို ထိုးဖောက်ချင်တာကြောင့်ပါ။ ရန်ကုန်မှာက K-Pop ပရိသတ် အမာခံ၁၄၀၀လောက်ရှိပါတယ်။ မန္တလေးရှိ ဒိုင်းမွန်းပလာဇာအပေါ်ဆုံးထပ်မှာ စက်တင်ဘာ၂၆ရက်နေ့၊ ညနေ၆နာရီကနေ ၉နာရီထိ ကျင်းပသွားမယ်။ ရန်ကုန်မှာဆိုရင် MEP(myanmar event park)မှာ စက်တင်ဘာ ၂၈ရက်နေ့၊ ညနေ၆နာရီကနေ ၉နာရီထိ ကျင်းပသွားပါ့မယ်။ လက်မှတ်ဝယ်ယူရရှိနိုင် မယ့်နေရာတွေကတော့ Tony TunTun၊ မန်းသီရိတေးသံသွင်း၊ Nobody၊ Citymartဆိုင်ခွဲများနှင့် 1876 တို့မှာရရှိနိုင်ပြီး ဈေးနှုန်းတွေကတော့ရန်ကုန်မှာ ၃၀၀၀၀ နှင့် ၇၀၀၀၀ ဖြစ်ပြီး မန္တလေးမှာတော့ ၃၀၀၀၀၊ ၅၀၀၀၀နှင့် ၇၀၀၀၀ဆိုပြီးသတ်မှတ်ထားပါတယ်”လို့ ပြောသွားပါတယ်။

Trend Myanmar

0 comments:

Post a Comment