12.3.15

ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ မကြာခင်ပြုလုပ်သွားရန် အလားအလာ ရှိကြောင်း တိုင်းရင်းသားလူမျိုးစုများကိုယ်စားလှယ် ဒေါက်တာအေးမောင် ကပြောကြား


အများပြည် သူတောင်းဆိုနေသော နိုင်ငံ့ထိပ် တန်း ခေါင်းဆောင်ခြောက်ဦး (ခြောက်ပွင့် ဆိုင်တွေ့ဆုံရေး)ကိစ္စနှင့်ပတ်သက် ပြီး မကြာခင်ရက်ပိုင်းအတွင်း တွေ့ ဆုံသွားရန် အလားအလာ ရှိကြောင်း ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ တွင် ပါဝင်ခွင့်ရရှိထားသူ တိုင်းရင်းသားလူမျိုးစုများကိုယ်စားလှယ်
ဒေါက်တာအေးမောင်မှ ယနေ့ပြု လုပ်သော ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး အပြီး တွင် သတင်းထောက်များမေးမြန်းမှု အား ပြန်လည်ပြောကြားခဲ့ခြင်းဖြစ် သည်။

ယနေ့ပြုလုပ်သော ပြည်ထောင် စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေးမစခင်အချိန်တွင် ပြည် ထောင်စုလွှတ်တော်နာယကမှ တိုင်း ရင်းသားပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကာ ယင်းတွေ့ဆုံမှုအပြီး တွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးစုများ ကိုယ်စား လှယ်အဖြစ် ပါဝင်ခွင့်ရရှိခဲ့သော ဒေါက်တာအေးမောင်မှ ''နောက်အ ပတ်ဖြစ်နိုင်မယ်လို့ မှန်းတာပေါ့နော်၊ လွှတ်တော်ဘက်ကလေ၊ ကျွန်တော် တို့ကို စတန်းဘိုင်နေပေးပါလို့ ပြော ပါတယ်။ ဘယ်မှမသွားပါနဲ့၊ အထူးသဖြင့် ကျွန်တော်ဆိုရင် တိုင်းရင်းသားလူမျိုးစုပါတီများကိုယ်စား ဆွေးနွေးရမယ် ဆိုလို့ပေါ့၊ အဲ့တော့ နောက်အပတ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ခု တင်နိုင်တယ်၊ အဲ့ဒါကြောင့်လဲ ဒီကြားလေးမှာ တွေ့ ဆုံညှိနှိုင်းမှုတစ်ခုလုပ်ရန်လိုအပ်တယ်လို့ အားလုံးကသုံးသပ်ထားတယ်လို့ ကိုယ်နားလည်တယ်'' ဟု ပြောကြားခဲ့သည်။

ယင်း ခြောက်ပွင့်ဆိုင်တွေ့ဆုံ ရေးနှင့်ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်
အောင်ဆန်းစုကြည်အား သတင်းထောက်များမှ လိုက်လံမေးမြန်းသော်လည်း သူမအနေဖြင့် မဖြေ ကြားနိုင်ကြောင်း ပြောကြားခဲ့သည်။
Credit to>>>Democracy Today

0 comments:

Post a Comment