12.3.15

ပူတင်၏ နယ်ချဲ့မူဝါဒကြောင့် ဥရောပတွင် စစ်ပွဲအသစ်ဖြစ်မည့်အန္တရာယ်ရှိဟု လစ်သူယေးနီးယားခေါင်းဆောင်ကဆို

 
ရုရှားသမ္မတ ဗလာဒီမာပူတင် ၏ နယ်ချဲ့လုပ်ရပ်သည် ဥရောပတွင် စစ်အသစ်ဖြစ်လာမည့် အန္တရာယ်ရှိ သည်ဟု လစ်သူယေး နီးယားလွတ်လပ် ရေးဗိသုကာ ဗီတောက်တာ့စ်လင်းစ် ဘာ့ဂိစ်က သတိပေးလိုက်သည်။


သို့ရာတွင် ရုရှားသမ္မတ ဘော ရစ်ယဲ့လ်ဆင်လက်ထက်၌လည်း စိတ် ဝမ်းကွဲမှုများကိုဖြစ်စေခဲ့သည်ဟူ၍ လည်း လင်းစ်ဘာ့ ဂိစ်ကဆိုသည်။

သို့သော် ယဲ့လ်ဆင်လက်ထက်တွင် နယ်ပယ်ချဲ့ထွင်လိုမှု မရှိသည်မှာ ခြွင်းချက်ဖြစ်သည်ဟု သူကဆက်၍ ဆိုသည်။ ယဲ့လ်ဆင် က ကျွန်ုပ်တို့ ၏ လွတ်လပ်ရေးကို အလေးထားသည် ဟု သူက AFP သို့ပြောပြသည်။

ပူတင်အုပ်ချုပ်သည့် ၁၅ နှစ် အတွင်း၌ ရုရှားနိုင်ငံသူ၊ နိုင်ငံသား များသည် ဒီမိုကရေစီကမ္ဘာဆိုသည် ကို အပြည့်အဝနားမလည် နိုင်ရှာ ကြဟု သူကဆိုသည်။

ကမ္ဘာကြီးသည် ၂၀၀၀ ပြည့်နှစ် ကတည်းက ပူတင်၏ ခေတ်သစ် စစ်ကာလကို သမိုင်းက အသိအမှတ် ပြုသင့်သည်ဟု လင်းစ် ဘာ့ဂိစ်က ဆိုသည်။

လစ်သူယေးနီးယားသည် ၂၀၀၄ ခုနှစ်ကတည်းက နေတိုးအဖွဲ့ဝင်ဖြစ် ခဲ့သည်။ ယင်းသည် ၁၉၉၀ ပြည့်နှစ် ၌ လွတ်လပ်ရေးကြေ ညာခဲ့သည်။ အက်စ်တိုနီးယားနှင့် လတ်ဗီးယား တို့နောက် လွတ်လပ်ရေးရလာသော နိုင်ငံဖြစ်သည်။

အဆိုပါဘော်လ်တစ်နိုင်ငံသုံး နိုင်ငံဖြစ်သော လစ်သူယေးနီးယား၊ အက်စ်တိုနီးယားနှင့် လတ်ဗီးယားတို့ သည် ဒုတိယကမ္ဘာစစ် အတွင်း ဆိုဗီ ယက်၏သိမ်းသွင်းခြင်း ခံခဲ့ရသည်။

Ref : AFP
Credit to>>>Democracy Today

0 comments:

Post a Comment