10.3.15

AFC Cup ပြိုင်ပွဲ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်မည့် ရတနာပုံအသင်း

 
AFC Cup ပြိုင်ပွဲအုပ်စု ဒုတိယပွဲအဖြစ် ဟောင်ကောင်ကလပ် တောင်တရုတ်အသင်းနှင့် အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ရန်အတွက် ရတနာပုံအသင်းသည် ယနေ့နံနက်ပိုင်းက ဟောင်ကောင်သို့ ထွက်ခွာသွားသည်။ AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ် များကို မတ် ၁၁ ရက်တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်ပြီး ရတနာပုံအသင်းမှာ တောင်တရုတ်အသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်သည်။
အခြားကလပ်အသင်းဖြစ်သည့် ဧရာဝတီအသင်းမှာ အိမ်ကွင်း၌ ကစားရမည်ဖြစ်ပြီး အင်ဒိုနီးရှားကလပ် ဘန်ဒေါင်းအသင်းနှင့် တွေ့ဆုံလျက် ရှိသည်။ ရတနာပုံအသင်းကို CEO ဦးဟန်မင်းထွဏ်း၊ အုပ်ချုပ်သူ ဦးအောင်ထွန်းဦးတို့ ဦးဆောင်၍ အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များနှင့် ကစားသမား စုစုပေါင်း ၂၉ ဦး လိုက်ပါသွားသည်။ ရတနာပုံအသင်းတွင် နိုင်ငံခြားအားကစားသမားများဖြစ်သည့် မက်ဆီဗင်နှင့် ဟက်ပီးနက်စ်တို့ အပါအဝင် ရန်ပိုင်၊ သီဟစည်သူ၊ ဇော်လင်းထွန်း၊ စည်သူအောင်၊ နန္ဒလင်းကျော်ချစ် စသည့် အမာခံကစားသမားများ ပါဝင်သွားသည်။

ရတနာပုံအသင်းမှာ တောင်တရုတ်(ဟောင်ကောင်) အသင်းနှင့် မတ် ၁၁ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ဟောင်ကောင် ၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ရတနာပုံအသင်းမှာ အဖွင့်ပွဲတွင် မလေးရှားကလပ် ပါဟန်းအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ တောင်တရုတ်အသင်းမှာမူ ပွဲဦးထွက် ပွဲတွင် ဖိလစ်ပိုင်ကလပ် ဂလိုဘယ် အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိထားကြောင်း သိရသည်။ ဧရာဝတီအသင်းမှာ အင်ဒိုနီးရှား ထိပ်သီးကလပ် ဘန်ဒေါင်းအသင်းနှင့် တွေ့ဆုံနေပြီး မတ် ၁၁ ရက် ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ဧရာဝတီ အသင်းမှာ အဖွင့်ပွဲတွင် လာအို တိုယိုတာအသင်းနှင့် အဝေးကွင်း၌ နှစ်ဂိုးစီသရေကျခဲ့ပြီး ဘန်ဒေါင်း အသင်းမှာ မော်လ်ဒိုက်ကလပ် နယူးရေးဒီးယန့်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိထားသည်။

အုပ်စုခွဲဝေထားမှုအရ ရတနာပုံ အသင်းမှာ အုပ်စု(G)၌ တောင်တရုတ် (ဟောင်ကောင်)၊ ပါဟန်(မလေးရှား)၊ ဂလိုဘယ်(ဖိလစ်ပိုင်)တို့နှင့်အတူ ပါဝင်နေပြီး ဧရာဝတီအသင်းမှာ အုပ်စု(H)တွင် ဘန်ဒေါင်း (အင်ဒို နီးရှား)၊ နယူးရေးဒီးယန့်(မော်လ်ဒိုက်)၊ လာအိုတိုယိုတာ(လာအို)တို့နှင့် အတူ ပါဝင်နေသည်။
Credit to>>> The Mirror Daily

0 comments:

Post a Comment