6.3.15

သံလွင်မြစ်အတွင်း အကြီးဆုံးဖြစ်လာမည့် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း စတင်ရန် ပြင်ဆင်


သံလွင်မြစ်ရေကာတာ စီမံကိန်းများမှ အကြီးဆုံးဖြစ်လာ မည့် မိုင်းတုံရေအားလျှပ်စစ်စီမံ ကိန်းစတင်တော့မည်ဖြစ်ပြီး လူထုအကြံပြုတွေ့ဆုံမှုများ  ပြုလုပ် သွားရန်စီစဉ်နေကြောင်း သတင်းရရှိသည်။


မိုင်းတုံရေအားလျှပ်စစ်စီမံ ကိန်းသည် ယခင်က တာဆန်း အမည်ဖြင့်တည်ဆောက်ရန်လျာ ထားရာမှ  မိုင်းတုံအမည်ဖြင့် ပြောင်းလဲခဲ့သည်။ ယင်းဆည်မှာ သံလွင်မြစ်ပေါ်တည်ဆောက်မည့်စီမံကိန်းတွင်အကြီးဆုံးဆည်နှင့်အရှေ့တောင်အာရှတွင် အမြင့်ဆုံးဆည်ဖြစ်လာမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၇,၁၀၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်သည်။

သံလွင်မြစ်တွင် ရေအား လျှပ်စစ်စီမံကိန်းခြောက်ခုတည် ဆောက်ရန်အဆိုပြုထားသည့် အနက်မှ အကြီးဆုံးဖြစ်လာမည့် ရှမ်းပြည်နယ်၊  မိုင်းတုံမြို့တွင် တည်ဆောက်မည့်မိုင်းတုံရေအား လျှပ်စစ်စီမံကိန်း  စတင်လုပ် ဆောင်နိုင်ရန်  ပူးပေါင်းကုမ္ပဏီ များက ဒေသခံပြည်သူများ၊ စိတ် ဝင်စားသည့်အဖွဲ့များနှင့်တွေ့ဆုံ ၍ စီမံကိန်းအချက်အလက်များရှင်းလင်းတင်ပြသွားမည်ဖြစ် ကြောင်း သိရသည်။

 လူထုတွေ့ဆုံဆွေးနွေးပွဲမှ ရရှိလာသည့်အချက်အလက်များ ကိုမိုင်းတုံရေအားလျှပ်စစ်စီမံ ကိန်းဆောင်ရွက်ရေးအစီရင်ခံစာ နှင့်ပတ်ဝန်းကျင်နှင့်  လူမှုရေး အကျိုးသက်ရောက်မှုအပေါ် လေ့ လာဆန်းစစ်ခြင်း (EIA/SIA)လုပ် ငန်းများတွင်ထည့်သွင်းသွားမည် ဟုဆိုသည်။


မိုင်းတုံရေအားလျှပ်စစ် စီမံ ကိန်းကို လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် တရုတ်ကုမ္ပဏီသုံးခု၊ထိုင်းကုမ္ပဏီတစ်ခုနှင့် မြန်မာ နိုင်ငံသားပိုင် IGE ကုမ္ပဏီတို့ပူး ပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းစီမံကိန်းအတွက် ပထမအကြိမ် လူထုတွေ့ဆုံမှုကို မတ်လ ၁၀ ရက်တွင် တောင်ကြီးမြို့၌ပြုလုပ်မည်ဖြစ်ပြီး စီမံကိန်းသက်ရောက်မည့်နေရာဒေသများတွင်ပါ လူထုတွေ့ဆုံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း  ကုမ္ပဏီကထုတ်ပြန်သည်။

ထိုသို့ရေအားလျှပ်စစ်စီမံ ကိန်းများတည်ဆောက်ရန် လူထု တွေ့ဆုံမှုများပြုလုပ်သော်လည်း စီမံကိန်းဧရိယာနှင့်အနီးဝန်းကျင် ရှိဒေသခံပြည်သူများပါဝင်မှုနည်းပါးပြီး    တွေ့ဆုံချိန်မှာလည်း အချိန်ပိုင်းသာဖြစ်သည့်အတွက် ဒေသခံများ၏လိုလားချက်များ ကိုတောင်းဆိုနိုင်ခြင်းမရှိဟု မြန်မာနိုင်ငံမြစ်ချောင်းများကွန်ရက် မှကိုစောသာဘိုးကပြောသည်။

‘‘လူထုတွေ့ဆုံပွဲလုပ်တာ တော့ကောင်းတယ်။ ဒါပေမဲ့ တကယ်မှာ ဒေသခံလူထုမပါဘဲ လုပ်တာတွေရှိတယ်။ ပြီးတော့ အချိန်ကလည်း ၂ နာရီဝန်းကျင်နဲ့ ကန့်သတ်ထားတဲ့အတွက် ဒေသခံတွေလိုလားချက်ပြောခွင့် မရတာတွေရှိတယ်’’ဟု ၎င်းက ပြောသည်။

  လွန်ခဲ့သည့်နှစ် မတ်လ ကလည်း  ရှမ်းပြည်နယ်မြောက်  ပိုင်း  သံလွင်မြစ်ပေါ်တွင်တည် ဆောက်မည့်  နောင်ဖနှင့်မန် တောင်းရေအားလျှပ်စစ်စီမံကိန်း နှစ်ခုအတွက်   ကုမ္ပဏီများက လူထု  တွေ့ဆုံပွဲပြုလုပ်ရာတွင် တန့်ယန်းမြို့နယ်၌ ပြုလုပ်ခဲ့ပြီးစီမံကိန်းဧရိယာအနီးရှိ ဒေသခံ များပါဝင်ခြင်းမရှိခဲ့ပေ။

ယင်းစီမံကိန်းများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေသူများက ကန့်ကွက်နေပြီး သံလွင်မြစ်တစ်လျှောက်နေထိုင်နေသည့် ဒေသခံ ၆၁,၀၀၀ ဦးနှင့် နိုင်ငံရေးအဖွဲ့အစည်းပေါင်း ၁၃၁ဖွဲ့က ဆန္ဒပြုလက်မှတ်ရေးထိုးခဲ့သည့် ကန့်ကွက်လက်မှတ်များကိုစုစည်း၍ လျှပ်စစ်ဝန်ကြီးဌာန၊ တရုတ်သံရုံးနှင့် ထိုင်းသံရုံးသို့ပေးပို့ခဲ့ကြောင်း သိရသည်။
Credit to>>>7Day News

0 comments:

Post a Comment