6.3.15

နိုင်ငံတော်သမ္မတ၏ အထူးသံတမန်အဖွဲ့နှင့် ယူနန်ပြည်နယ်ပါတီ အမြဲတမ်းကော်မတီဝင် မစ္စတာမုန်စူးထည် ဦးဆောင်သည့်အဖွဲ့တွေ့ဆုံ


နိုင်ငံတော်သမ္မတ၏ အထူးသံတမန်အဖွဲ့နှင့် ယူနန်ပြည် နယ်ပါတီ အမြဲတမ်းကော်မတီ ဝင်နိုင်ငံရေးနှင့် ဥပဒေရေးရာပါတီ အတွင်းရေး မှူး မစ္စတာမုန်စူးထည်၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်မှူးတို့ ပါဝင်သည့် အဖွဲ့တို့ တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေး တွေ့ဆုံဆွေးနွေးခဲ့သည်။


မတ် ၅ရက်က တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကူးမင်းမြို့ရှိ Kai Wah Hotel ၌ဒေသစံတော်ချိန် 6:30 PM ခန့်၌ ပြုလုပ်သည့် အဆိုပါတွေ့ဆုံပွဲ တွင် မြန်မာနိုင်ငံ အထူးသံတမန်အ ဖွဲ့ဖြစ်သည့် မြန်မာ-တရုတ်ချစ်ကြည် ရေး အသင်းနာယက ဦးတင်ဦး၊ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊ အတွင်းရေးမှူး ဦးမျိုး အောင်၊ မြန်မာနိုင်ငံဆိုင်ရာကောင် စစ်ဝန်ရုံးမှ ကောင်စစ်ဝန်တို့အဖွဲ့နှင့် ယူနန်ပြည်နယ်ပါတီ အမြဲတမ်းကော် မတီဝင် မစ္စတာမုန်စူးထည် ဦးဆောင် သည့်အဖွဲ့ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းနာယက ဦးတင်ဦးက ''ကျွန်တော်တို့ အဖွဲ့ကို သမ္မတကြီးက အ ထူးသံတမန်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ နှစ် နိုင်ငံမှာရှိတဲ့ အခြေခံကောင်း မွန်ခိုင်မာပြီးဖြစ်တဲ့ ချစ်ကြည်ရေး၊ ယုံကြည်ရေး မလျော့သွားဖို့ ရည်ရွယ် ပြီး နယ်စပ်မှာရှိတဲ့ အရေးကိစ္စနဲ့ပတ် သက်ပြီး ပိုပြီးနားလည်မှုရှိအောင် ယုံကြည်မှုတည်ဆောက်နိုင်အောင် ရေရှည် မှာ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဖော်ဆောင်ခြင်းဖြင့် ကောင်းမွန်စွာ၊ ခိုင်မာစွာ ရပ်တည်နိုင်အောင် ရည်ရွယ်ပြီး စေလွှတ်လိုက်ခြင်းဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ နှစ်နာရီ ကြာမြင့်ခဲ့သည်။ ယူနန်ပြည်နယ် အမြဲတမ်းကော် မတီဝင် မစ္စတာမုန်စူးထည်က ''ကျွန်တော်တို့ကလဲ အမြဲတမ်းကြိုဆိုတယ်။ အမြဲတမ်းလဲ စောင့်မျှော်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ်ဒေသ မှာ ကိုးကန့်ကိစ္စ တိုက်ပွဲတွေဖြစ်လာ တဲ့အခါမှာ ဒါကိုလဲ ဆွေးနွေးချင်ပါ တယ်''ဟု အဖွင့်နှုတ်ဆက်စကားပြော ရာတွင် ပြောကြားခဲ့သည်။
Credit to>>>Democracy Today

0 comments:

Post a Comment