8.4.15

ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့၍ မန်စီးတီး ချန်ပီယံမျှော်လင့်ချက် မှိန်ဖျော့လာ

 
 အင်္ဂါနံနက်အစောပိုင်း ပရီးမီးယားလိဂ်ပွဲဖြစ်သည့် ခရစ် စတယ်ပဲလေ့စ်နှင့် မန်စီးတီးပွဲတွင် လက်ရှိ ချန်ပီယံ ၂-၁ ဂိုးဖြင့် ရှုံး ခဲ့ရပြီး ဇယား၌ ချယ်လ်ဆီး နှင့် ကိုးမှတ်ကွာဟကာ ချန်ပီ ယံမျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။


ခရစ်စတယ်ပဲလေ့စ် အိမ် ကွင်းတွင် ကစားသောထိုပွဲ၌ အိမ်ရှင်တို့က ဂလင်းမာရေး၏ အဖွင့်ဂိုးနှင့် ပန်ချီယွန်၏ ဖရီး ကစ်ဂိုးများဖြင့် ဦးဆောင်ခဲ့ပြီး မန်စီးတီးမှာ တိုရေး၏ ချေပဂိုးရ သော်လည်း ထပ်မံမချေနိုင်တော့ ဘဲ ၂-၁ ဂိုးဖြင့်ရှုံးကာ ပရီးမီး ယားလိဂ်ချန်ပီယံမျှော်လင့်ချက် ပြီးဆုံးသလောက် ဖြစ်သွားသည်။

ထိုပွဲအရှုံးကြောင့် မန်စီးတီး သည် အာဆင်နယ်၊ မန်ယူတို့ နောက် အဆင့် (၄) နေရာရောက်ခဲ့ ပြီး ၎င်းတို့သုံးသင်းစလုံးထက် တစ်ပွဲလျော့ ကစားထားသော ချယ်လ်ဆီးက ဒုတိယအာဆင် နယ်ကိုပင် ခုနစ်မှတ်ဖြတ်ထား ရာ ချန်ပီယံဖြစ်ရန် နီးစပ်လာနေ သည်။

ထို့ကြောင့် လာမည့်အပတ် မန်ချက်စတာဒါဘီပွဲတွင် မန်စီး တီးအတွက် မဖြစ်မနေ အနိုင် ရမှသာ ဒုတိယနေရာမှ ကပ်လိုက် နိုင်မည်ဖြစ်သည်။

‘‘ဒီနေ့တော့ အသင်းကစား ခဲ့ပုံကို ကျွန်တော်သဘောကျခဲ့ပါ တယ်။ ဒါပေမဲ့ ရလဒ်ကြောင့် တော်တော့်ကို စိတ်ပျက်မိပါ တယ်။ ကျွန်တော်တို့ လုပ်နိုင် သ မျှက ရသမျှအမှတ်တွေ ကြိုးစား ယူဖို့ပါ။ ဒီနောက်မှာတော့ ဘယ် သူ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆိုတာတွေ မြင်လာရမှာ ပါ’’ ဟု မန်စီးတီးနည်းပြ ပယ်လီ ဂရီနီက ပြောသည်။ —Ref: AFP

Credit to : 7 Day News

0 comments:

Post a Comment