22.9.15

အမျိုးသမီးသမ္မတဖြစ်လာပါက လက်ခံကြိုဆိုမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ရွေးကောက်ပွဲ, မင်းအောင်လှိုင်
“ကျနော်အနေနဲ့ သမ္မတတာဝန်ထမ်းဆောင်မယ့်သူဟာ အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် ကြိုဆိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက သူ၏ သဘောထားကို ပြောဆိုကြောင်း ဖော်ပြထားသည်။

ရွေးကောက်ပွဲနီးလာသည့်နှင့် အမျှ တပ်မတော်၏ သဘောထားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာခဏ ထုတ်ဖော်ပြောကြားနေရာ ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင်လည်း ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက် မူဝါဒမှာ မိမိနိုင်ငံ၊ မိမိဒေသအတွက် ကောင်းအောင်ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါး အား သိရှိနားလည်စောင့်ထိန်း နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊အုပ်ချုပ်ရေး၊ကာကွယ်ရေး အမြင်လေးမြင်ရှိပြီး တပ်မတော်အပေါ်နားလည်မှု ရှိသူဖြစ်စေလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်
မနေ့ကပြုလုပ်သည့် သတင်းသမားများအား ခေါ်ယူတွေ့ဆုံသည့်ပွဲတွင် တပ်မတော်သားများ မဲဆန္ဒပေးခြင်းနှင့်ပတ်သက်၍ တပ်မတော်ပိုင်းဆိုင်ရာတွင် လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တချို့လက်နက်ကိုင် ပဋိပက္ခရှိသည့် နေရာများတွင် ခြိမ်းခြောက်မှုများရှိနေ၍ ကျော်လွှားနိုင်ရန် ကြိုးစား လုပ်ဆောင်နေကြောင်း၊ တစ်တိုင်းပြည်လုံး အတိုင်းအတာနှင့်လည်း Free and Fair ဖြစ်စေလိုပါကြောင်း၊ တပ်ရင်း/တပ်ဖွဲ့မဲရုံ များနှင့်ပတ်သက်၍လည်း လုံခြုံရေး ကန့်သတ်ချက် ရှိသည်မှလွဲ၍ ရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ချက်များအတိုင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ မဲဆန္ဒပေးမှုနှင့် ပတ်သက်၍လည်း မြို့နယ်ပေါင်း ၃၃ဝ ရှိ၍ တစ်ယောက်နှင့် တစ်ယောက်၊ ပါတီတစ်ခုနှင့်တစ်ခု မတူနိုင်သဖြင့် ဖြစ်သင့်သည့် မူဝါဒအပေါ်တွင်သာ ချိန်ဆဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မနေ့က ထုတ်လွှင့်သည့် မဲဆွယ် စည်းရုံးမှု ဟောပြောချက်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေး၌ တပ်မတော်သည် အဓိကကျကြောင်း  တပ်မတော်နှင့် NLD ကြား သံသယများ ဖယ်ရှားပြီး ပြည်ထောင်စုအရေးအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်းပြောဆိုခဲ့သည်။

Credit To .>>> Irrawaddy News

0 comments:

Post a Comment