24.9.15

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသော ဒေသအချို့တွင် ရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှုများရှိနေ


လွတ်လပ်၍ တရားမျှ တသည့် ရွေးကောက်ပွဲဖြစ်စေလို သော်လည်း လက်နက်ကိုင်ပဋိ ပက္ခရှိသည့် ဒေသအချို့တွင် ခြိမ်းခြောက်မှုများရှိနေကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်သည်။

စက်တင်ဘာ ၂၂ ရက်က ပြု လုပ်သည့် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးက လာမည့်ရွေးကောက်ပွဲ သည် လွတ်လပ်ပြီးတရားမျှတမှု  ရှိမည်ဟု ပြောကြားနိုင်မည်လား နှင့် အကယ်၍ တရားမျှတမှုမရှိခဲ့ ပါက တပ်မတော်က ကြားဝင် ဆောင်ရွက်နိုင်မည့် အခြေအနေ နှင့် စပ်လျဉ်းသောမေးခွန်းကို ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က လာမည့်ရွေးကောက်ပွဲ တွင် တပ်မတော်ပိုင်းအနေဖြင့် လွတ်လပ်ပြီး တရားမျှတမှုရှိစေ ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားသည်။ ဆက်လက်၍ ၎င်းက ‘‘ဒုတိယကတော့ တိုင်းပြည်တစ်ပြည်လုံးနဲ့ ပတ်သက်တဲ့ ဒီရွေး ကောက်ပွဲက လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချင် ပါတယ်’’ဟု ပြောသည်။ ‘‘ဒါပေ မဲ့ တချို့နေရာတွေပေါ့။ လက်နက်ကိုင်တိုင်းရင်းသားပဋိပက္ခရှိတဲ့ တချို့နေရာတွေမှာ ခြိမ်းခြောက် မှုလေးတွေရှိနေတယ်လို့ ကျွန် တော်တို့ တွေ့တဲ့အတွက်ကြောင့် ဒါတွေလည်း ကျော်လွှားနိုင်ဖို့ ကြိုးပမ်းနေပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်း ပြည်တပ်မတော် (တောင်ပိုင်း) (RCSS/SSA) က တပ်မတော်၏ ထိုးစစ်ဆင်မှုများကြောင့် တိုက်ပွဲ များဖြစ်ပွားနေပြီး လုံခြုံရေးအခြေ အနေအရ ပါတီများအနေဖြင့် ၎င်း တို့ ထိန်းချုပ်ရာ နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေးများ ရပ်ဆိုင်း ထားကြရန် ထုတ်ပြန်ခဲ့သည်။
အစိုးရကလည်း ရှမ်းပြည် နယ် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု နှစ်ခုတွင် ကေအိုင်အေအပါအ၀င် လက်နက်ကိုင်အ ဖွဲ့နှစ်ဖွဲ့က လာရောက်တားမြစ် သောကြောင့် မဲစာရင်းကပ်ထား ခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့ရကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ထားသည်။
 တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဘက်ကမူ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြန် လည်ဖြစ်ပွားနေသော တိုက်ပွဲများ သည် တပ်မတော်၏ ထိုးစစ်ဆင် ခြင်းကြောင့်ဟု ဆိုသည်။
 ကေအိုင်အိုအလုပ်အဖွဲ့ (TAT) မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဒေါင်ခါးက ဒီမိုကရေစီနှင့် ရွေးကောက် ပွဲသည် ၎င်းတို့ ရန်သူမဟုတ်သ ဖြင့် နှောင့်ယှက်စရာမရှိကြောင်း ပြောသည်။
‘‘ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို ဘာမှ အနှောင့်အ ယှက်ပေးမှာ မဟုတ်ဘူးဆိုတာ ဗဟိုကနေ အရင်ကတည်းက ပြောထားပြီးသားဖြစ်ပါတယ်’’ဟု ၎င်း က ပြောသည်။

Credit To >>> 7Day News

0 comments:

Post a Comment