28.9.15

တရုတ်-မြန်မာနယ်စပ်ဒေသမှ သစ်ခိုးထုတ်မှုများကို အကောက်ခွန်နှင့် ကုန်သွယ်ရေးဌာနများကလည်း ထိန်းချုပ်ရန်လို

တရုတ်-မြန်မာ နယ်စပ်ဒေသများ ၌ သစ်တော ဌာနတွင်သာမက အ ကောက်ခွန်၊ ကုန်သွယ်ရေး အစရှိ သည့် ဌာနများမှ လည်း တားဆီးထိန်း ချုပ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂဒုတိယ အဖွဲ့ ခေါင်းဆောင် Mr. George Dura က ပြောဆို လိုက်သည်။

တရားမဝင်သစ်ကုန်သွယ်မှု နှင့်ပတ်သက်၍ Environmental Investigation Agency (EIA)နှင့် Global Witness ၏ အစီ ရင်ခံစာများ တွင် မြန်မာ နိုင်ငံမှတရုတ် နိုင်ငံဘက်သို့ တရားမဝင်သစ်တင်ပို့ မှုမှာ ပိုမိုများပြား လာနေကြောင်း တရားမဝင် သစ် တင် သွင်းမှုအမြင့် ဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံ၏ အဖိုးတန်ကျွန်း၊ တမ လန်းအစရှိသည့် သစ် များ ကိုနှစ်စဉ် ဒေါ်လာ ဘီလီယံနှင့်ချီပြီး မှောင်ခို ဂိုဏ်းကုန် သွယ်မှုပြု လုပ်နေကြောင်း ဖော်ပြထားသည်။
''မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသ တွေမှာဖြစ်ပေါ်နေတဲ့ တရားမဝင်သစ် ကုန်သွယ်မှုတွေဟာ ကမ္ဘာ့အလယ် မှာ အထူးသဖြင့် မြန်မာ နိုင်ငံနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ရဲ့ ပုံရိပ်ကို ထိခိုက်စေပါတယ်''ဟု ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တော ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း ကပြော သည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ များတွင် တရားမဝင်သစ်ကုန်သွယ် မှုတား ဆီးရေး မြန်မာနှင့်တရုတ် ဗဟိုအဆင့် တာဝန်ရှိသူ များဆွေး နွေး ပွဲ ကို နေပြည်တော်ရှိ ဂရင်း အမရဟိုတယ်တွင်ပြုလုပ်ခဲ့သည်။
''တရုတ်ပြည်ကသစ်ဈေးကွက် နဲ့ပတ်သက်လို့ နိုင်ငံတကာအပါအဝင် အာရှဈေးကွက်တွေကို အများဆုံးတင် ပို့နေတယ်။ သစ်တောထွက် ပစ္စည်း တွေကိုလဲ တရားမဝင်လုပ်ကိုင်နေ တာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေ ပါတယ်''ဟု နိုင်ငံတကာတရားမဝင် သစ်ကုန်သွယ်မှုတားဆီးထိန်းချုပ် ရေး၊ တားဆီးရေး EUEFI အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ဒုတိယ အဖွဲ့ခေါင်းဆောင် Mr. George Dura ကပြောသည်။
အဆိုပါဆွေးနွေးပွဲသို့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းထွန်း၊ သစ်တော ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် တရုတ်ပြည် သူ့သမ္မတနိုင်ငံမှသစ်တောစီမံ အုပ်ချုပ်ရေး ဌာန ဒုတိယညွှန်ကြားရေး မှူး Mr. Fu Gui တို့က ဆွေးနွေး ခဲ့ခြင်း ဖြစ် သည်။

Credit To >>>  Democracy News

0 comments:

Post a Comment