5.1.16

ဓာတ်ငွေ့သိုက်ကြီးတစ်ခု ထပ်မံ ရှာဖွေတွေ့ရှိ

 ငွေဆောင်ကမ်းခြေမှ မိုင် ၃၀အကွာ ကမ်းလွန်ပင်လယ် ပြင်ရှိ A-6ကမ်းလွန်လုပ်ကွက်ရွှေ ရည်ထွန်းတွင်းအမှတ်(၁)တွင် သ ဘာဝဓာတ်ငွေ့သိုက်ရှာဖွေတွေ့ ရှိထားကြောင်း MPRL E&Pရေနံ ကုမ္ပဏီက  သတင်းထုတ်ပြန် သည်။


အဆိုပါသဘာဝဓာတ်ငွေ့ သိုက်သည် ပေ ၄၀၀ကျော်ရှိသောသဘာဝဓာတ်ငွေ့ခိုအောင်းနေ သည့် သဲကြောတွင်တည်ရှိနေပြီး မြန်မာ့ကမ်းလွန်ရေနံသမိုင်းတွင် အကြီးမားဆုံးရှာဖွေတွေ့ရှိမှုဖြစ် သည်ဟု ယင်းကုမ္ပဏီက ဆို သည်။
ထိုသို့တွေ့ရှိရန်ပင်လယ်ရေအောက်အနက်ပေ ၆,၆၀၀ကျော်နှင့် တွင်းအနက်ပေ ၁၇,၀၀၀ကျော်တူးခဲ့ပြီး ၂၀၁၅ နိုဝင်ဘာ ၂၇ရက်တွင် စတင်တူးဖော်ခဲ့ခြင်းဖြစ်သည်။
MPRL E&Pသည် မြန်မာ နိုင်ငံသားဦးဆောင်သည့် ကုမ္ပဏီ ဖြစ်ပြီး ယခုတူးဖော်ရာတွင် နည်း ပညာနှင့် ငွေကြေးအခက်အခဲများ ကြုံတွေ့ခဲ့ရသည်ဟု အဆိုပါကုမ္ပ ဏီအမှုဆောင်အရာရှိချုပ် ဦးမိုးမြင့်က ပြောသည်။

 ‘‘အခုရှာဖွေတွေ့ရှိမှုကကမ္ဘာ့အဆင့်ကြီးမားတဲ့ ဓာတ်ငွေ့ သိုက်တစ်ခုရှာဖွေတွေ့ရှိမှုအစ ဖြစ်တယ်’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ယခုရှာဖွေတူးဖော်မှုသည် စမ်းသပ်ရှာဖွေမှုသာဖြစ်ပြီး စီးပွား ဖြစ်ထုတ်လုပ်ရန် လိုအပ်သည့်အဆောက်အအုံများ ဆောက်လုပ်ရမည်ဖြစ်သည်။
 ရခိုင်ကမ်းလွန်လုပ်ကွက် A-6တွင် MPRLကုမ္ပဏီသည်  Woodside Energy(Myanmar) Pte.Ltdနှင့် Total E&P Myanmar တို့နှင့် ပူးပေါင်းဆောင်ရွက်နေ ခြင်းဖြစ်သည်။ MPRLသည် မန်း ရေနံမြေတွင်လည်း ရေနံတူးဖော် ရေးလုပ်ငန်းများလုပ်ကိုင်နေ သော ကုမ္ပဏီတစ်ခုဖြစ်သည်။
Woodside Energy ကုမ္ပဏီ  အမှုဆောင်အရာရှိချုပ် ပီတာကိုမန်းက ယခုရှာဖွေတွေ့ရှိမှုသည် ရခိုင်ကမ်းလွန်၏ အနာဂတ်သဘာဝဓာတ်ငွေ့ရှာဖွေရေးအ တွက် ခိုင်မာမှုကို ပြသခြင်းဖြစ် သည်ဟု ပြောထားကြောင်း The Australianသတင်းဌာနကဖော်ပြ ထားသည်။
Credit to >>> 7 Day News Journal

0 comments:

Post a Comment