5.1.16

အီရန်နှင့် သံတမန်ဆက်ဆံရေးကို ဆော်ဒီဖြတ်တောက်


ရှီးယိုက် ဘာသာရေး ခေါင်းဆောင် နီမာ အယ်လ်နီမာ အား ဇန်နဝါရီ ၂ ရက်တွင် ကွပ်မျက်ခဲ့မှုကို အီရန်နိုင်ငံက ကန့်ကွက်ခဲ့ ပြီးနောက် ဆော်ဒီအာရေဗျ အစိုးရသည် အီရန်နှင့် သံတမန် ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး အဒဲလ်အယ်လ် ဂျူဘီအာ သည် အဆိုပါ ကြေညာချက်ကို အယ်လ်အာရေဗျ ရုပ်သံလိုင်းက ထုတ်လွှင့်ပြသ ခဲ့သော မိန့်ခွန်းတွင် ထုတ်ဖော်ပြောကြား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အီရန်သံရုံးမှ အမှုထမ်းများနှင့် အီရန်နိုင်ငံသား များကို ဆော်ဒီအာရေဗျ နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာရန် အမိန့်ထုတ်ပြန် ခဲ့ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
ရှီးယိုက် ဘာသာရေး ခေါင်းဆောင် နီမာ အယ်လ်နီမာ အား ကွပ်မျက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ရှီးယိုက် ဘာသာရေး မျိုးနွယ်စုများက တီဟီရန်မြို့နှင့် မက်ခ်ျမြို့ အရှေ့မြောက်ပိုင်းရှိ ဆော်ဒီသံရုံးများ ရှေ့တွင် ဆန္ဒပြခဲ့ကြ ပြီးနောက် ဆော်ဒီအစိုးရက ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
ဆော်ဒီအစိုးရ၏ ယင်းကြေညာချက် နှင့် စပ်လျဉ်း၍ အီရန်နိုင်ငံ အတွင်း ဆန္ဒပြမှုများတွင် ဆော်ဒီသံရုံး အမှုထမ်းများ တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်း မရှိကြောင်း၊ အီရန်နိုင်ငံ သည် အလုံခြုံဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ဆော်ဒီအာရေဗျ အစိုးရသည် မှားယွင်းသော ဗျူဟာများဖြင့် ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက် နေသည်မှာ ပထမဆုံး အကြိမ် မဟုတ်တော့ကြောင်း အာရပ် နှင့် အာဖဂန်ရေးရာ အီရန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အေမာအက်ဒို လာဟင် က ပြောကြားသည်။
Credit to >>>  ကြေးမုံ

0 comments:

Post a Comment