8.1.16

ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ရဖို့ နေ့စဉ် စားသင့်တဲ့ အစားအစာ (၅) မျိုး


ကျန်းမာသန်စွမ်းပြီး ကျစ်လျစ်တဲ့ ခန္ဓာကိုယ်နဲ့ ကြည်လင်တဲ့ အသားအရေရဖို့က လူတိုင်းရဲ့ အိပ်မက်ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက် အောက်ပါ အစားအစာ (၅) မျိုးကို နေ့တိုင်းစားဖို့ လိုတယ်လို့ ပညာရှင်များက အကြံပြုထားပါတယ်။
(၁) ပဲသီးစိမ်းများ
ပဲသီးစိမ်းတွေနဲ့ အခြားအမျှင်များတဲ့ အစားအစာတွေကို စားပေးရင် ကိုယ်အလေးချိန်မတက်အောင် ကာကွယ်ပေးတဲ့အပြင် ကိုယ်အလေးချိန်လျှော့ချစရာမလိုဘဲ သူ့အလိုလို လျော့ကျနိုင်ပါတယ်။ ကယ်လိုရီ ၁,၀၀၀ ရှိတဲ့ အစားအစာတွေစားပြီးတိုင်း ပဲသီးစိမ်းလို အမျှင်ဓာတ်များတဲ့ အစားအစာ ၈ ဂရမ် စားပေးရင် ကိုယ်အလေးချိန် ကျစေနိုင်ပါတယ်တဲ့။
(၂) ဆော်လမွန်ငါး
ဆော်လမွန်နဲ့ တူနာငါးလိုမျိုး အဆီများတဲ့ ငါးတွေကို စားရင် နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၃) ဘယ်ရီသီးများ
ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီတို့လို ဘယ်ရီသီးပေါင်းစုံကို ရောပြီး တစ်နေ့ တစ်ခွက်စာလောက် စားရုံနဲ့ ကောင်းမွန်တဲ့ HDL ကိုလက်စထရောဓာတ်ကို တိုးပွားစေပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ အဲဒီအချက်နှစ်ချက်စလုံးဟာ နှလုံးကျန်းမာရေးအတွက် ကောင်းတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။
(၄) ဖရဲသီး
ဖရဲသီးလို ရေဓာတ်ပြည့်တဲ့ အစားအစာတွေကို စားရင် ကယ်လိုရီဓာတ်နည်းနည်းနဲ့ ကျေနပ်ရောင့်ရဲနိုင်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ ဖရဲသီးဟာ ရေဓာတ် ၉၂ ရာခိုင်နှုန်းပါဝင်ပြီး ဗီတာမင်စီ ကောင်းကောင်း ရရှိစေပါတယ်။
(၅) ခရမ်းချဉ်သီး
ဗီတာမင်စီဓာတ် အပြည့်ပါတဲ့ အစားအစာတွေဖြစ်တဲ့ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီသီးနဲ့ ပန်းဂေါ်ဖီစိမ်းတွေကို များများစားရင် အသားအရေ ချောမွတ်စေပါတယ်တဲ့။ အစားအစာက ရရှိတဲ့ ဗီတာမင်စီဟာ အသားအရေ တွန့်တာတွေ၊ အသက်အရွယ်ကြောင့် အရေပြားခြောက်သွေ့တာတွေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

Credit to >>> Mirror Daily

0 comments:

Post a Comment