11.7.16

အများပိုင်ကုမ္ပဏီများ SECM ခွင့်ပြုချက် မရှိဘဲ ရှယ်ယာရောင်းလျှင် အရေးယူမည်

ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်(SECM) ထံသို့ တင်ပြခြင်းမရှိဘဲ အများပြည်သူသို့ ရှယ်ယာ ရောင်းချသော အများပိုင်ကုမ္ပဏီများကို အရေးယူမည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်က ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ (Securities Exchange Law) အရ အများပိုင် ကုမ္ပဏီများသည် အများပြည်သူသို့ ရှယ်ယာများ ထုတ်မရောင်းချမီ SECM သို့ တင်ပြပြီး ကော်မရှင်က ရက် ၆ဝ အတွင်း အတည်ပြု ဆုံးဖြတ်ပြီးမှသာ ရောင်းချနိုင်မည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။
လတ်တလောတွင် အများပိုင် ကုမ္ပဏီအချို့မှာ ငွေချေး သက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင်သို့ တင်ပြပြီး အတည်ပြုချက် မရယူဘဲ အများပြည်သူသို့ ရှယ်ယာများ ထုတ်ရောင်းချလျက်ရှိပြီး ယင်းကုမ္ပဏီများကို အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။
ရင်းနှီးမြှုပ်နှံမည့် အများပြည်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေး အကာအကွယ် ပေးနိုင်ရန်အတွက် ရှယ်ယာများ ထုတ်ဝေ ရောင်းချလျက်ရှိသော အများပိုင် ကုမ္ပဏီများနှင့် ရှယ်ယာများ ထုတ်ရောင်းရန် စီစဉ်နေသော ကုမ္ပဏီများအနေနှင့် SECM ထံ တင်ပြ အတည်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း ယင်းကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိအချိန်တွင် ပြည်တွင်း၌ အများပိုင်ကုမ္ပဏီပေါင်း နှစ်ရာကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment