11.7.16

မြ၀တီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှု ယခုဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ကန်ဒေါ်လာသန်း ၅၀ တိုး

မြန်မာ နှစ် နိုင်ငံ ကုန်သွယ်ရေးစခန်းတစ်ခုဖြစ် သည့် မြ၀တီကုန်သွယ်ရေးဇုန်၏ကုန် သွယ်မှု ယခု ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း ကန်ဒေါ်လာသန်း ၅၀ တိုးမြင့်လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန မှ သိရသည်။

ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၁ ရက်အထိ ပထမသုံးလပတ်အတွင်း မြ၀တီကုန် သွယ်ရေးဇုန်၏ ပို့ကုန်၊ သွင်းကုန်စုစု ပေါင်းကုန်သွယ်မှုပမာဏမှာ ယခင် ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် ပို့ကုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၆၀၉ သန်းတိုးမြင့်လာခဲ့ ပြီး သွင်းကုန်မှကန်ဒေါ်လာ ၄၄ ဒသမ ၃၅၄ သန်းတိုးမြင့်လာရာ စုစု ပေါင်း ကန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄၉ ဒသမ ၉၆၃ သန်းထိ တိုးမြင့် လာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။
စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
"ကုန်သွယ်မှုတွေပိုမိုလာတယ်ဆိုတာ က ပို့ကုန်ပိုင်းမှာ လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ စက်မှုကုန်ချောတွေ ပိုမိုတင်ပို့လာနိုင် သလို သွင်းကုန်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းတွေဖြစ်တဲ့ ငါးဖမ်းပိုက်၊ မော် တော်ယာဉ်၊ မော်တော်ယာဉ်နဲ့ ဆက် စပ်ပစ္စည်းတွေ၊ လယ်ထွန်စက်တွေ၊ လယ်ယာသုံးနောက်တွဲယာဉ်တွေ၊ တယ်လီဖုန်းနဲ့အပိုပစ္စည်းတွေ၊ ဓာတ် အားဖြန့်ဖြူးတပ်ဆင်ရေးလုပ်ငန်းတွေ၊ တွင်းထွက်သတ္တုဆောက်လုပ်ရေး ပစ္စည်းတွေ၊ မော်တော်ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ အပိုပစ္စည်းတွေ ပို တင်သွင်းလာတာကြောင့် ပို့ကုန်ရော သွင်းကုန်မှာပါ အရင်ဘဏ္ဍာနှစ် ကုန် သွယ်မှုထက်ပိုမိုလာတာပါ" ဟု ဇူလိုင် ၉ ရက်က ဒီမိုကရေစီတူဒေးသတင်း စာသို့ပြောသည်။
အဆိုပါမြ၀တီကုန်သွယ်ရေး ဇုန်၏ အများဆုံးတင်ပို့သည့်ပို့ ကုန် ပစ္စည်းများမှာ ပဲတီစိမ်း၊ မြေပဲဆန်၊ ငရုတ်သီးခြောက်၊ မတ်ပဲ၊ ငါးမျိုးစုံ တို့ဖြစ်ပြီး အများဆုံး သွင်းကုန် ပစ္စည်းများမှာ သကြားနှင့်မော်တော် ဆိုင်ကယ်စသည် တို့ဖြစ်ကြောင်း သိရ သည်။
ယင်းက " ဒီပထမ သုံး လပတ် ကာလအတွင်းမှာ မြ၀တီနယ်စပ် ကုန်သွယ်ရေး ဇုန်ကနေ ပို့ကုန်ကန် ဒေါ်လာ ၁၂ သန်းကျော်ရရှိထား တယ်။ သွင်းကုန်က ၁၇၄ သန်းကျော် ရရှိထားတယ်။ စုစုပေါင်းကုန်သွယ်မှု ပမာဏက ၁၈၆ သန်းကျော်ဖြစ် ပါတယ်။ လာမည့်လတွေမှာလည်းကုန် သွယ်မှုတွေကို ပိုတိုးတက်လာ ဖို့မှန်းထားသလို တိုးတက်အောင် လည်းဆောင်ရွက် သွားမှာပါ" ဟု ပြောသည်။
မြ၀တီကုန်သွယ်ရေးဇုန်သည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန် သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု အများဆုံးပြုလုပ်သည့် ကုန်သွယ်ရေး စခန်းဖြစ်ပြီး ပို့ကုန်ထက် သွင်းကုန် အများဆုံးကုန်သွယ်မှုပြုလုပ်သော ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
မြ၀တီရှိနယ်စပ်ကုန်သည် ဦး ၀င်းမြင့်က " ကုန်သွယ်မှုတွေတိုးတယ် ဆိုပေမယ့် နယ်စပ်ကနေ သွင်းကုန် ပဲအဓိကဆောင် ရွက်နေပြီး သွင်းကုန် ပဲ အများဆုံးတိုးလာတာပါ။ ပို့ကုန် ကတော့တိုးတာသိပ်မရှိပါဘူး။ နိုင်ငံ ၀င်ငွေရအောင်ဆိုရင် သွင်းကုန် ထက် ပို့ကုန်အများဆုံးတင် ပို့နိုင် အောင်ဆောင်ရွက်ရမှာပါ" ဟု ပြော သည်။
# Democracy Today

0 comments:

Post a Comment