4.8.16

ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရေနံဈေး ဒေါ်လာ ၄၀ အောက် ကျဆင်း


ပြီးခဲ့တဲ့ ဧပြီလ နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ နယူးယောက်ကုန်စည်ဒိုင်မှာ ရေနံတစ်စည်ကို ဒေါ်လာ ၄၀ အောက် ပြန်လည်ကျဆင်းသွားခဲ့ပြန်ပါတယ်။

ဈေးကွက်ထဲ အလွန်အကျွံတင်သွင်းနေတာ၊ ၀ယ်လိုအား ကျဆင်းနေတာ၊ ထုတ်လုပ်မှု ထပ်မြှင့်ဦးမယ်လို့ မျှော်မှန်းနေကြတာ စတဲ့အချက်တွေကဇွန်လကတည်းက ရေနံဈေးနှုန်းတွေ ပြန်ကျနေရခြင်းရဲ့ နောက်ကွက်က
အကြောင်းရင်းတွေဖြစ်နေလျက်ရှိပါတယ်။
နယူးယောက် ကုန်စည်ဒိုင်မှာတော့ စက်တင်ဘာလအတွက် WTI ရေနံပေးပို့မှုပိုင်းမှာ တစ်စည်ကို ဒေါ်လာ ၃၉ ဒသမ ၅၁ နဲ့ ၅၅ ဆင့် ကျဆင်းပြီးဈေးကွက်ပိတ်သိမ်းသွားခဲ့ပါတယ်။
အလားတူ လန်ဒန်မှာလည်း အောက်တိုဘာလအတွက် North Sea Brentရေနံပေးပို့မှုဟာ သြဂုတ်လ ၁ ရက် ဈေးကွက်ပိတ်ချိန်မှာတော့ တစ်စည်ကိုဒေါ်လာ ၄၁ ဒသမ ၈၀ နဲ့ ၃၄ ဆင့် ကျဆင်းသွားခဲ့ပါတယ်။
စက်တင်ဘာလဟာ ပုံမှန်အားဖြင့်တော့ ဓါတ်ဆီ ၀ယ်လိုအား အမြင့်ဆုံးရာက်လေ့ရှိတဲ့အချိန်ကာလတစ်ခုဖြစ်သလို လာမယ့် လတွေမှာ ၀ယ်လိုအားပိုင်းမှာ လျော့ကျတော့မယ့် သဘောမှာ ရှိနေတယ်လို့ လေ့လာသူတွေ
က သုံးသပ်ပါတယ်။
FXTM က ကျွမ်းကျင်အကဲဖြတ်တစ်ဦးဖြစ်တဲ့ Hussein Sayed ကတော့အိုပက်အဖွဲ့က ထုတ်လုပ်တင်သွင်းမှုဟာ စံချိနတင်နှုန်းထားထိ ပြန်ရောက်လာနိုင်သလို အမေရိကန်နိုင်ငံထဲက တွင်းတွေမှာလည်း ထုတ်လုပ်မှုဆက်လက်မြင့်တက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
အလားတူ ရေနံဈေးနှုန်းပိုင်းမှာ ကနဦးပိုင်းမှာတော့ ၀ယ်လိုအားကောင်းနိုင်ပီး သွင်းကုန်လျော့နိုင်တဲ့ မျှော်မှန်းချက်တွေဖြစ်ပေါ်ထားခဲ့ပေမယ့် ဈေးကွက်ထဲမှာ နောက်ပိုင်း ပြောင်းလဲမှုတွေဖြစ်ပေါ်သွားတယ်လို့ Natixis ကလေ့လာသူတစ်ဦးဖြစ်တဲ့ Abhishek Deshpande က ဆိုပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment