23.1.17

ဒေသတွင်း အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်း မြှင့်တင်ရေး အာဆီယံဝန်ကြီးများအကြား သဘောတူမှုရ

Image may contain: one or more people, ocean, sky, outdoor and water
လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဒေသတွင်း အပျော်စီးသင်္ဘောကြီးတွေနဲ့လည်ပတ်သွားလာမယ့် ခရီးသွားလုပ်ငန်း
ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်ရေးအတွက် အာဆီယံခရီးသွားဝန်ကြီးတွေအကြား မဟာဗျူဟာအစီအမံတွေ ချမှတ်ခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ ယင်း အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းတိုးတက်ရးဆိုင်ရာ ပူးတွဲကြေညာချက်ကိုတော့ ထုတ်ဖော်ဖို့ သဘောတူညီခဲ့ကြပါတယ်။

စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံခရီးသွားဖိုရမ်မှာဒေသတွင်း ခရီးသွားဝန်ကြီးတွေအကြား အထက်ပါသဘောတူညီချက်ကို ရခဲ့တာဖြစ်ပါတယ်။

ယင်းပူးတွဲကြေညာချက်နဲ့အတူ အာဆီယံဒေသတွင်းဆိပ်ကမ်းတွေနဲ့ ခရီးသွားနေရာတွေ ယခုထက် အဆင့်မြင့်တိုးတက်လာရေး လုပ်ဆောင်မယ့် နည်းလမ်းအစီအမံတွေရေးဆွဲဖော်ဆောင်သွားဖို့ရှိနေပါတယ်။ အလားတူ ဒေသတွင်း ယင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်ဖို့အတွက် သက်ဆိုင်ရာ လုပ်ငန်းရှင်တွေကိုလည်း ပါဝင်ပူးပေါင်းနိုင်ဖို့ တွန်းအားပေး ဖိတ်ခေါ်သွားဖို့လည်းဝန်ကြီးတွေအကြား သဘောတူညီခဲ့ကြပါတယ်။

ဇန်န၀ါရီ ၂၀ ရက်ကလုပ်ဆောင်ခဲ့တဲ့ တွေ့ဆုံပွဲမှာတော့ ဒေသတစ်ခုလုံးကို အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ဒေသတစ်ခုဖြစ်အောင်လုပ်ဆောင်သွားမယ်လို့ ၀န်ကြီးတွေကသဘောတူညီခဲ့ကြပါတယ်။

ခန့်မှန်းချက်တွေအရတော့ လာမယ့် ၂၀၃၅ မတိုင်ခင် နှစ်စဉ်အရှေ့တောင်အာရှဒေသတွင်းကို အပျော်စီးသင်္ဘောစီး ခရီးသွားပေါင်း ၄ ဒသမ ၅ သန်း စီ ရှိလာလိမ့်မယ်လို့ မျှော်မှန်းရတယ်လို့ဆိုပါတယ်။ ယင်းအရေအတွက်ကတော့ လက်ရှိ ခရီးသွားဦးရေဖြစ်တဲ့ ၄၅၀,၀၀၀ ထက် ဆယ်စ ပိုမိုများပြားနေတာလည်းဖြစ်ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment