23.1.17

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ဖြစ်လာပါက Boeing နဲ့ စိုက်ပျိုးရေးကုမ္ပဏီတွေ အဓိကထိခိုက်လာနိုင်

အမေရိကန်-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပိုင်းဆိုင်ရာတင်းမာမှုတွေသာ အရှိန်မြင့်သွားခဲ့မယ်ဆိုရင် တရုတ်တို့
ပစ်မှတ်ထားပိတ်ဆို့လာနိုင်မယ့် စာရင်းထဲမှာ ကန်လေယာဉ်ထုတ်လုပ်ငန်းစုကြီး Boeing နဲ့ စိုက်ပျိုးရေးကုမ္ပဏီတွေ ထိပ်ဆုံးကနေ ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့လက်ထက်မှာတော့ ၎င်းခြိမ်းခြောက်ထားတဲ့အတိုင်း အခွန်အကောက်တွေသာ တကယ်တမ်းတိုးမြင့်ချထားခဲ့မယ်ဆိုရင်ပေကျင်းအစိုးရဘက်က လက်တုန့်ပြန်လုပ်ဆောင်မှုတွေ ရှိလာနိုင်ပြီးအဲဒီအခါမှာ ပစ်မှတ်ထားခံရနိုင်တဲ့ အထဲမှာတော့ နာမည်ကြီး Boeing ကုမ္ပဏီက အဓိကပါဝင်နေလျက်ရှိပါတယ်။

Boeing ကုမ္ပဏီထုတ်လေယာဉ်တွေ၊ လျှပ်စစ်ထုတ်လုပ်မှုမှာအသုံးပြုနိုင်မယ့် တာဘိုင်တွေနဲ့ အခြား သယ်ယူပို့ဆောင်ရေးတပ်ဆင်ပစ္စည်းတွေဟာလည်း တရုတ်တို့ လက်တုန့်ပြန်လာနိုင်တဲ့စာရင်းမှာ ထိပ်ဆုံးကနေ ပါဝင်နေတယ်လို့ Eurasia Group က အကဲဖြတ်တွေဖြစ်ကြတဲ့ EvanMadeiros နဲ့ Micheal Hirson တို့က အစီရင်ခံစာတစ်ရပ်ထုတ်ပြန်သတိပေးသွားပါတယ်။

" ထရမ့်အစိုးရကို နိုင်ငံရေးအရ ဖိအားပေးနိုင်မယ်လို့ယူဆရတဲ့ လုပ်ငန်းကဏ္ဍတွေ တရုတ်တို့ရဲ့ ပစ်မှတ်ထားခံလာရနိုင်ပါတယ်" လို့ ယင်းအကဲဖြတ်တွေက ပြောပါတယ်။

" ၊ ပေကျင်းအစိုးရအနေနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေအတွက်အမေရိကန်အစား လက်တင်အမေရိကက အခြားပေးသွင်းသူတွေကို ပြောင်းပြီး ရှာလို့ရပါတယ်၊ လေယာဉ်ဆိုရင်လည်း ဒီလိုပါပဲ၊လောလောဆယ်မှာလည်း တရုတ်လေကြောင်းလိုင်းတွေအနေနဲ့ ဘိုးအင်းလေယာဉ်တွေကိုမှ ၀ယ်လို့ရနေတာမှမဟုတ်တာ၊ သူတို့အတွက် Airbus လေယာဉ်တွေလည်း ရှိနေတာပဲကိုး" ဆိုပြီး တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Gary Lockeကလည်း ပြောသွားပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment