24.1.17

တိုက်ပွဲများ လျှော့ချရပ်ဆိုင်းပေးရန် ကာကွယ်ရေးဦးစီးချုပ်ထံ အပစ်ရပ်အဖွဲ့များ တောင်းဆို

တပ်မတော်နှင့် အပစ် ရပ်စာချုပ် (NCA)လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသောတိုက်ပွဲများ လျှော့ချရပ်ဆိုင်းရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ တောင်းဆိုခဲ့သည်ဟု NCA လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (PNLO)ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်နှင့် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)တို့သည် ဇန်န၀ါရီ ၂၃ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
‘‘အခုလတ်တလောဖြစ်နေ တဲ့ မြောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုတွေကိုတော့ လျှော့ချဖို့ သို့ တည်းမဟုတ် ရပ်ဆိုင်းဖို့ ဒါက တော့တောင်းဆိုတာပေါ့။ သို့ သော်လည်းပဲ နိုင်ငံတော်အကြီး အကဲတွေအနေနဲ့ ဒီကိစ္စအပေါ်မှာ တည့်တည့်ပေါ့လေ။ တိတိကျကျ သဘောထားပေးထားတာတော့ မရှိပါဘူး။ ငြိမ်းချမ်းရေးအောင် မြင်အောင် ဆက်သွားဖို့သဘော ထားတွေကိုပဲ ပေးပါတယ်’’ ဟု PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန် ဥက္ကာက ပြောသည်။
အဆိုပါ တွေ့ဆုံပွဲနှင့် ပတ် သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ ရာ တပ်မတော်အနေဖြင့် ငြိမ်းချမ်း ရေးအတွက် အမြဲတမ်းတံခါးဖွင့် ထားပြီး ပြည်ထောင်စုငြိမ်းချမ်း ရေး ညီလာခံ-၂၁ ရာစု ပင်လုံ အောင်မြင်စေရန် ၀ိုင်းဝန်းလုပ် ဆောင်နေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြော ကြားခဲ့သည်ဟု ဖော်ပြထားသည်။ လက်ရှိဆောင်ရွက်နေသည့် ၂၁ ရာစုပင်လုံကိုလည်း NCAအပေါ် တွင်သာအခြေခံပြီး ဆက်လက် လုပ်ဆောင်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
PPST အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး အပါအ၀င် ငါးဦးပါသည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်န၀ါရီ ၂၃ရက် နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ပြီး နေ့လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံမှုများတွင် PPSTက တင်ပြသည့် အကြောင်းအရာများကိုလည်း NCA လက်မှတ်ထိုးရှစ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ခိုက်မှုများအချိန်ကြာလာသည်နှင့်အမျှ ငြိမ်းချမ်းရေး  ရရှိရေးအတွက် လုပ်ဆောင်ရာတွင် ပိုမိုခက်ခဲလာမည်ဖြစ်၍ အစိုးရနှင့် တပ်မတော်တို့အနေဖြင့် သဘောထားပျော့ ပျောင်းစွာကိုင်တွယ်ရန် PPST က တိုက်တွန်းခဲ့သည်။ နိုင်ငံမြောက် ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များကြောင့် အစိုးရ၊ တပ်မတော် တို့၏ ငြိမ်းချမ်းရေးဆိုင်ရာလုပ် ငန်းအကောင်အထည်ဖော်မှုအ ပေါ် တိုင်းရင်းသားပြည်သူများ၏ ယုံကြည်မှုကျဆင်းပြီး သံသယဖြစ်ပွားစေခဲ့၍ ငြိမ်းချမ်းရေး တည်ဆောက်မှုအထောက်အကူ ပြုစေရန် စစ်ဆင်ရေးအားလုံးရပ်ဆိုင်းထားပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရန် အစိုးရနှင့် တပ်မတော်ကို  PPSTက တိုက်တွန်းခဲ့သည်။
Credit To >>>  Eleven Media Group

0 comments:

Post a Comment