24.1.17

ပူပြင်းပြီး ခြောက်သွေ့ဦးမယ့် ၂၀၁၇ နွေရာသီ

No automatic alt text available.
၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလမှ ဧပြီလအထိ ၃ လတာ ကာလ၏ ရာသီဥတု အခြေအနေကို ကြိုတင်ခန့်မှန်းမှုကို မိုးဇလ ပညာရှင် ဒေါက်တာထွန်းလွင် က ဖေ့စ်ဘုတ်စာမျက်နှာတွင် ဇန်န၀ါရီ ၂၂ ရက်က ရေးသား ဖော်ပြ ခန့်မှန်းမှု ပြုထားသည်ကို တွေ့ရသည်။

ဖေဖေါ်ဝါရီလ မှ ဧပြီလအထိ အပူချိန်ခန့်မှန်းချက် အနေဖြင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်အလယ်ပိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ဖြစ်မြဲအပူချိန်များ အထက် +0.5°C - 1.0 °C ပိုပူနိုင်သည်။

ဖေဖေါ်ဝါရီလ မှ ဧပြီလအထိ မိုးရွာသွန်းနိုင်မှုခန့်မှန်းချက်အဖြစ် တစ်ပြည်လုံးတွင် အများအားဖြင့် မိုးလုံးဝမရွာနိုင်ဘဲ ခြောက်သွေ့နေမည်။

၂၀၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ မှ ဧပြီလအထိ ပင်လယ်ရေမျက်နှာပြင် အပူချိန်ခန့်မှန်းချက်အနေဖြင့် မြန်မာ့ ပင်လယ်ပြင်တွင် ပင်လယ်ရေမျက်နှာပြင် အပူချိန် ဖြစ်မြဲထက် +0.5°C - 1.0 °C ပိုပူနိုင်သည်ဟု မိုးဇလ ပညာရှင် ဒေါက်တာထွန်းလွင်က ၄င်း၏ ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသား ဖော်ပြပေးထားသည်။

Credit To >>> The Ladies News

0 comments:

Post a Comment