24.1.17

ဒေါ်နယ်ထရန့် လက်ထက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ဂျာမနီ ကြိုတင်ပြင်ဆင်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် ဖြစ်ပေါ်လာနိုင်သည့် လှုပ်လှုပ်ရှားရှား ကာလများအတွက် မိမိနိုင်ငံ ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ဂျာမနီနိုင်ငံ ခြားရေးဝန်ကြီး ဖရန့်ဝေါ်လ်တာစတိန်မေယာက ပြောကြားလိုက်သည်။
လွတ်လပ်သောကုန်သွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းတွင် အတ္တလန္တိတ်သမုဒ္ဒရာ တစ်ဖက်တစ်ချက်စီရှိနိုင်ငံများ ပူးပေါင်းဆောင်ရွက် ရေးတို့မှာ မိမိတို့ အစိုးရအဖွဲ့အတွက် ကြိုတင်ပြင်ဆင် ထားရမည့် အရေးအကြီးဆုံး ကိစ္စရပ်များဖြစ်ကြောင်း စတိန်မေယာက ပြောကြားသည်။
အမေရိကန်အစိုးရအဖွဲ့သစ်၏ အဖွဲ့ဝင်အချို့သည် ဂျာမနီကဲ့သို့ မဟာမိတ်နိုင်ငံများ၏ အရေးပါမှုကို သဘော ပေါက်နားလည် ကြကြောင်း စတိန်မေယာက ဂျာမနီနိုင်ငံမှ ထုတ်ဝေနေသော ဘီးလ်သတင်းစာသို့ ပြောကြားသည်။
ဒေါ်နယ်ထရန့်လက်ထက် မိမိ၏နိုင်ငံအပေါ် သက်ရောက်လာနိုင်သည့် မတည်မငြိမ်အခြေအနေများ အတွက် မိမိတို့ကိုယ်တိုင် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ကြောင်း၊ သို့ရာတွင် ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့် မိတ်ဖက်နိုင်ငံများ လိုအပ်ပုံကို အမေရိကန် အစိုးရအဖွဲ့၏ အဖွဲ့ဝင်အချို့က သိရှိလိမ့်မည်ဟု မိမိယုံကြည်ကြောင်း ¤င်းက ပြောကြားသည်။
ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂမှ နုတ်ထွက်သည့် နောက်ဆုံးနိုင်ငံ တစ်နိုင်ငံမဟုတ်နိုင်ကြောင်း၊ တရုတ်နှင့် မက္ကဆီကို နိုင်ငံတို့မှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် အခွန်ကြီးလေးစွာ ကောက်ယူမည်ဖြစ်ကြောင်း စသည်ဖြင့် ထရန့်က ပြောကြားခဲ့ရာ ဂျာမနီ ခေါင်းဆောင်များမှာ စိတ်မသက်မသာဖြစ်ခဲ့ရသည်။
ဇန်နဝါရီ ၂ဝ ရက်တွင် အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ဥရောပ ခေါင်းဆောင်များက ၄င်း၏ အစိုးရအဖွဲ့သစ်နှင့် ပတ်သက် ၍ ကောင်းဆိုးနှစ်ထွေ တုံ့ပြန်ပြောကြားမှုများ ပြုလုပ်ခဲ့ကြ သည်ဆို၏။



Credit To >>> The Mirror Daily

0 comments:

Post a Comment