24.1.17

ပင်လယ်ရေကြောင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်

Image may contain: ocean, sky, mountain, outdoor, water and nature
ကပ္ပလီပင်လယ် ကမ်းရိုးတန်းဒေသတစ်လျှောက်က ထိုင်းနိုင်ငံဘက်ကဒေသတွေနဲ့ မြန်မာတို့အကြား ပင်လယ်ရေကြောင်း ခရီးသွားလုပ်ငန်းပိုင်း ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့အတွက် တိုးချဲ့လုပ်ဆောင်သွားကြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ နှစ်နိုင်ငံစလုံးဆီကို ခရီးသွားတွေကို ပိုမိုဖိတ်ခေါ်နိုင်ဖို့အရေး ယခုလို ဒေသတွင်း ကြိုးပမ်းအားထုတ်မှုတွေလုပ်ဆောင်နေတာလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၂ ရက်ကပဲ မြန်မာရဲ့ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဦးအုန်းမောင်နဲ့ ထိုင်းခရီးသွားနဲ့ အားကစား အမြဲတမ်းအတွင်းဝန် Pongpanu Svetarundra တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာလည်းရှိခဲ့ပါတယ်။

တွေ့ဆုံရာမှာတော့ Phuket ၊ Phangnga ၊ Krabi ၊ Trang ၊ Ranong နဲ့ မြန်မာနိုင်ငံဘက်က ကမ်းရိုးတန်းဒေသတွေအကြား ပင်လယ်ရေကြောင်း ခရီးသွားလုပ်ငန်းပိုင်း ပူးပေါင်းဆောင်ရွက်ဖို့ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ အလားတူ တနင်္သာရီတိုင်းကမြိတ်ကျွန်းစုဒေသကိုလည်း အထူးအလေးထားသွားမယ်လို့ သိရပါတယ်။

Phuket ဒေသကို အဓိကအပျော်စီးသင်္ဘောကြီးတွေနဲ့ ရွက်လှေတွေဆိုက်ကပ်လို့ရအောင် ထိုင်းခရီးသွားဝန်ကြီးဌာနက လုပ်ဆောင်ထားပါတယ်။ ယင်းကဲ့သို့ ရေယာဉ်တွေ ၀င်ရောက်ဆိုက်ကပ်ခြင်းကလည်း ကပ္ပလီပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ဒေသတွေအတွက်အကျိုးဖြစ်ထွန်းစေတယ်လို့ သိရပါတယ်။

ယခုလို ယင်းပင်လယ်ရေကြောင်း ခရီးသွားလုပ်ငန်းပိုင်း ချဲ့ထွင်လုပ်ဆောင်ဖို့အရေးမှာ မြန်မာနိုင်ငံနဲ့အတူ လက်တွဲလုပ်ဆာင်ခြင်းကလည်း နှစ်နိုင်ငံစလုံးအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေတယ်လို့ Mr Pongpanu က ဆိုပါတယ်။



Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment