19.1.17

ကမ္ဘာ့ရေနံဈေး တည်ငြိမ်နေချိန် ကမ္ဘာမှာအမေရိကန် ဒေါ်လာဈေးအနည်းငယ်ကျဆင်း

Image may contain: people standing, ocean, sky, outdoor and water
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၇ ရက်မှာတော့ အမေရိကန်ဒေါ်လာဈေးနှုန်းပိုင်းမှာအနည်းငယ်ကျဆင်းမှု ရှိခဲ့ပြီး ရေနံဈေးနှုန်းပိုင်းမှာတော့ အပြောင်းအလဲ မရှိသလောက် တွေ့ခဲ့ရတယ်လို့ သိရပါတယ်။ အလားတူ အိုပက်အဖွဲ့တွင်းရေနံထုတ်လုပ်မှုလျှော့ချရေး သဘောတူညီချက်ကိုလည်း ထိန်းသိမ်းလိုက်နာသွားမယ်လို့လည်း ကမ္ဘာ့ရေနံအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဆော်ဒီအာရေဗျက ပြောကြားလိုက်ပါတယ်။

ယခုလို ဆော်ဒီရဲ့ ပြောကြားချက်ထွက်ပေါ်လာတာကြောင့်လည်းအမေရိကန်နဲ့ ရုရှတို့ ယင်းတို့ရဲ့ ထုတ်လုပ်မှု တိုးမြင့်ဖို့လုပ်နေတယ်ဆိုတဲ့မျှော်မှန်းချက်တွေကို ထေကာသွားမိစေခဲ့ပါတယ်။

ဒေါ်လာဈေးအားကောင်းနေခြင်းက အမေရိကန်ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေတယ်လို့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးနောက် ဒေါ်လာဈေးဟာလည်း အခြားနိုင်ငံသုံးငွေကြေးတွေနဲ့ ယှဉ်ရင် ခြောက်ပတ်နီးပါးကြာနောက်ပိုင်း အနိမ့်ဆုံးကို ထိုးကျသွားခဲ့ပါတယ်။

ယခုလို ဒေါ်လာဈေးအားအနည်းငယ်ကျသွားတာကြောင့်လည်းအခြားနိုင်ငံသုံးငွေကြေးကိုင်ဆောင်အသုံးပြုသူတွေအတွက်ကတော့ ရေနံဈေးသိပ်အားမကောင်းစေဘဲဖြစ်သွားတာကိုလည်း တွေ့ရပါတယ်။

ရေနံဈေးနှုန်းပိုင်းမှာတော့ မဆိုစလောက်ဆိုသလို ကျဆင်းမှုတွေဖြစ်ပေါ်ခဲ့တာကို တွေ့ရပါတယ်။ Brent ရေနံဈေးနှုန်းပိုင်းမှာတော့တစ်စည်ကို ဒေါ်လာ ၅၅ ဒသမ ၄၇ နဲ့ ၃၉ ဆင့် ဒါမှမဟုတ် ၀ ဒသမ ၇ ဆင့် ကျဆင်းသွားခဲ့ပြီး အမေရိကန်ရဲ့ WTI ဈေးနှုန်းကလည်း တစ်စည်ကိုဒေါ်လာ ၅၂ ဒသမ ၄၈ နဲ့ ၁၁ ဆင့် ဒါမှမဟုတ် ၀ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment