19.1.17

ပြည်တွင်းစာတိုက်လုပ်ငန်း ကူးသန်းရောင်းဝယ်ရေးအထိ ချိတ်ဆက်ရန် ဂျပန်နိုင်ငံ ကူညီလိုဟုဆို

စာတိုက်လုပ်ငန်းမှ ကုန် ကူးသန်းရောင်းဝယ်သည်အထိ ကျယ်ပြန့်လာနိုင်ရေးအတွက် ဂျ ပန်နိုင်ငံက မြန်မာ့စာတိုက်လုပ်ငန်းကို အဆင့်မြှင့်တင်ပေးရန် ကူညီလိုကြောင်း ဂျပန်ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဒုဝန်ကြီးကပြောသည်။

ကုန်ကူးသန်းရောင်းဝယ် ရေးတွင် အဓိကအားဖြင့် ခြံထွက် သီးနှံများ၊ သားငါး၊ အစားအစာ၊ စက်ကိရိယာနှင့် ပရိဘောဂ စ စည့်ပစ္စည်းများကို စာတိုက်များမှတစ်ဆင့် ၀ယ်ယူနိုင်ရေးဖြစ်ကြောင်း အဆိုပါဒုဝန်ကြီးကပြောသည်။


‘‘ဒီလုပ်ငန်းတွေကို မြန်မာအစိုးရနဲ့ မြန်မာလူထုက လက်ခံမယ်ဆိုရင် ဂျပန်ဝင်ရောက်လုပ်ကိုင်ပေးဖို့ အဆင်သင့်ရှိနေပါတယ်။ ဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ဂျပန်ကုမ္ပဏီတွေအများကြီးရှိနေပါတယ်’’ဟု ဒုဝန်ကြီးက ဆက်လက်ပြောကြား သည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံကို ၂၀၁၄ က စတင်ပြီး အဆင့်မြှင့်တင်မှုများ၌ အကူအညီများ ပေးခဲ့သည်။ လုံခြုံစိတ်ချသော စာတိုက်လုပ်ငန်း၊ သေချာစွာရောက်ရှိသော စာတိုက်လုပ်ငန်း၊ မြန်ဆန်သော စာတိုက်လုပ်ငန်းဟူ၍ အာမခံသုံးခုဖြင့် ဂျပန်နိုင်ငံက ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ဂျပန်အကူအညီဖြင့် နေပြည် တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များ တွင် ၂၀၁၅ နောက်ပိုင်းက စတင် ပြီး တစ်ရက်ခွဲအတွင်း စာပို့အ ရောက်ပို့သည့်စနစ် စတင်ခဲ့သည်။

ထို့အပြင် စာတိုက်ပေါင်း ၁,၃၈၁ ခုမှတစ်ဆင့် ဒေသထွက် ကုန်များဖြစ်သည့် ယွန်းထည်၊ ငွေထည်၊ ရက်ထည်၊ ဆေးမြစ် အစရှိသည့် ကုန်ပစ္စည်းများကို ၀ယ်ယူနိုင်ပြီဖြစ်သည်ဟု ဒုဝန်ကြီးကပြောသည်။

စာတိုက်များအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဂျပန်နိုင်ငံကပြည်ပအကူအညီအဖြစ် မြန်မာနိုင်ငံတစ်နိုင်ငံတည်းအား ပေးအပ်ခြင်းဖြစ်ပြီး အခြားမည်သည့်နိုင်ငံကိုမျှ ကူညီပေးခြင်းမရှိ ကြောင်း ၎င်းက ဆက်လက်ပြော သည်။

မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းလက်အောက်ရှိ စာတိုက်လုပ် ငန်းကို ၂၀၁၅ ဧပြီ ၁ ရက်က စတင် ကာ မြန်မာ့စာတိုက်လုပ်ငန်းအ ဖြစ် သီးသန့်လုပ်ကိုင်ခဲ့သည်။ ပြည်သူလူထု၏ ယုံကြည်မှု ကျဆင်းနေသော စာတိုက်လုပ်ငန်း အရည်အသွေးမြှင့်တင်ခဲ့ခြင်းကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ၀န်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်းဖြစ်သည်ဟု စာတိုက်လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးခမ်းအောင်ကပြောကြားထားသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment