19.1.17

ဒေါ်လာဈေးနှင့်အတူ ရွှေဈေးမြင့်တက်

ပြင်ပငွေလဲနှုန်း၌ အမေရိကန်ဒေါ်လာဈေးသည် ဇန်န၀ါရီ ၁၈ ရက်တွင် ၁၃ ကျပ်ခန့်မြင့်တက် လာခြင်းကြောင့် ပြည်တွင်းအ ခေါက်ရွှေဈေးနှုန်းသည် တစ်ရက်အတွင်း ကျပ် ၁၀,၀၀၀ ခန့် မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၁၇ ရက် နံနက် တွင် ပြည်တွင်းအခေါက်ရွှေ တစ် ကျပ်သားလျှင် ကျပ် ၈၆၆,၀၀၀ ပေါက်ဈေးရှိရာ ဇန်န၀ါရီ ၁၈ ရက်၌ ကျပ် ၈၇,၅၅၀၀ အထိ မြင့်တက်လာပြီး တစ်ရက်အတွင်း ကျပ် ၁၀,၀၀၀ ခန့် မြင့်တက်လာ ခြင်းဖြစ်သည်။


‘‘ဒီနေ့က ဒေါ်လာက တော် တော်တက်လာတယ်။ ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးက ပြန်ကျတယ်။ ဒါ ကြောင့် အခုလောက်ပဲ ဈေးတက် တာပါ’’ဟု အောင်သမာဓိရွှေဆိုင် အထွေထွေမန်နေဂျာက ပြော သည်။

ဇန်န၀ါရီ ၁၇ ရက်က ပြင်ပ ပေါက်ဈေးတွင် အမေရိကန်တစ် ဒေါ်လာလျှင် ၁,၃၄၇ ကျပ် ပေါက်ဈေးရှိသော်လည်း ဇန်န၀ါရီ ၁၈ ရက်၌ ၁,၃၆၁ ကျပ် မြင့်တက် လာခဲ့သည်ဟု ငွေလဲဈေးကွက်မှ သိရသည်။ ဇန်န၀ါရီ ၁၈ ရက်က ကမ္ဘာ့ရွှေဈေးနှုန်းတွင် တစ်အောင်စလျှင် ၁,၂၁၁ ဒေါ်လာထိရှိပြီး ယခင်နေ့ကထက် ၁၄ ဒေါ်လာခန့် ဈေးကျခဲ့သည်ဟု အဆိုပါမန်နေ ဂျာက ပြောသည်။

‘‘ပြင်ပဒေါ်လာဈေး မြင့် တက်လာလို့ပါ။ ရွှေဈေးတက် သွားတယ်။ ရွှေဈေးကွက်မှာတော့ အရောင်းအ၀ယ်က ပုံမှန်ပါပဲ။ ရောင်းလိုအား၊ ၀ယ်လိုအား မျှ နေတယ်’’ဟု ရန်ကုန်ရွှေလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်ကပြောသည်။

လက်ဝတ်ရတနာရွှေဆိုင် များတွင် ရွှေဈေးမြင့်တက်လာမှု ကြောင့် အ၀ယ်အနည်းငယ် လျော့ကျခဲ့သည်ဟု ရွှေဆိုင်များမှ သတင်းရရှိသည်။



Credit To >>> 7 Day Daily

0 comments:

Post a Comment