ဒေသခံပြည်သူများ၏ဆန္ဒပြကန့်ကွက်မှု များ တွေ့ ကြုံ ခဲ့ရသော လက်ပံတောင်းေ တာင်
ကြေးနီ စီမံကိန်း အကျိုးအမြတ် ခွဲဝေမှုဆိုင်ရာ စာချုပ်မူ ကြမ်း ကို ဇူလိုင်လ ၁၀
ရက်နေ့က ထုတ်ပြန် လိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ
ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နို င်ဦးက The Voice
သို့ ပြောကြားသည်။
“စာချုပ်ချုပ်ဆိုမယ့် နေ့ကိုတော့ ကျွန်တော်တို့ မသတ်မှတ်ပေးပါဘူး။ အစိုးရနဲ့ ဝမ်ပေါင်တို့ ညှိနှိုင်းနေကြဆဲပါ” ဟု ၎င်းကဆိုသည်။
ယခုထုတ်ပြန်ထားသော စာချုပ်မူကြမ်းအရ နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်းနှင့် ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း အချိုးဖြင့် ပြင်ဆင်ချုပ်ဆိုရန် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပသော MIC အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာအစိုးရကရရှိမည့် ၅၁ရာခိုင်နှုန်း အချိုးသည် သေချာသော်လည်း ကျန်ရှိသော ၄၉ ရာခိုင်နှုန်း ခွဲဝေရေးကို ကုမ္ပဏီနှစ်ခု ညှိနှိုင်းနေ ဆဲ ဖြစ်ကြောင်း ဝမ်ပေါင် ကုမ္ပဏီမှ Admin Mananger Dong Yunfei
က The Voice သို့ ပြောကြားသည်။
ယင်းသို့ ညှိနှိုင်းဆောင်ရွက်ပြီးပါက စာချုပ်အသစ် ပြန်လည် ချုပ်ဆို မည်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိသော စာချုပ်ပါ အချက်အလက်များကို သတင်းစာ ရှင်းလင်းပွဲလုပ်၍ ကြေညာ မည် ဖြစ်ကြောင်း ၎င်းကဆက် လက် ပြောကြားသည်။
ယခင်စာချုပ်အရ ခွဲဝေမှုမှာ နိုင်ငံတော်ကို ဆောင်ရမည့်အခွန်များ၊ စီမံကိန်း တူးဖော်မှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် များကို နုတ်ပယ်၍ နောက်ဆုံး ဝင်ငွေကို ခွဲဝေရာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ၅၁ ရာခိုင်နှုန်း ၊ ဝမ်ပေါင်ကုမ္ပဏီမှ ၄၉ရာခိုင်နှုန်း အသီးသီးရရှိမည် ဖြစ်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကျိုးတူ ဆောင်ရွက်နေသော ဝမ်ပေါင်ကုမ္ပဏီသည် ဒေသခံပြည်သူများအတွက် ပညာရေး၊ ကျန်းမားရေး၊ လူမှုဖွံ့ဖြိုးရေးအတွက် အထောက်အပံ့များ ပေးနိုင်ရန်ရည်ရွယ်၍ Corporate Social Responsibility (တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ဆောင် ချက်) အစီအစဉ်အရ နှစ်စဉ် အမေရိကန် ဒေါ်လာတစ်သန်း ထောက်ပံ့ မည် ဖြစ်ကြောင်း၊
စီမံကိန်း ဆောင်ရွက်ပြီးစီးပါက ဒေသတွင်း ပြန်လည်ပြုပြင်မှုများ ပြုလုပ်နိုင်ရန် နှစ်စဉ်အမေရိကန်ဒေါ်လာ နှစ်သန်း ထောက်ပံ့မည် ဖြစ်ကြောင်း၊ ဒေသခံများတွင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ
မြန်မာအစိုးရ မြန်မာ့ဦးပိုင်ကုမ္ပဏီနှင့်
ယင်းသို့အကြမ်းဖက် ဖြိုခွင်းခဲ့၍ ဒေသခံများနှင့် သံဃာတော်များ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သောကြောင့် နိုင်ငံတော် အစိုးရက စီမံကိန်းဆက် လက် ဆောင်ရွက်ရန် သင့်မသင့်ဆုံးဖြတ်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးခဲ့သည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လ ၁၁ရက်နေ့တွင် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ စီမံကိန်း ဆက်လက်ဆောင်ရွက်လိုပါက မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ် ကို ပြန်လည်ပြင်ဆင် ချုပ်ဆိုရန် သတ္တုတွင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင် ရွက်ရန်၊ အမှန်တကယ်လိုအပ်သည့် မြေပမာဏကိုသာ သိမ်းဆည်းပြီး လိုအပ် သည်ထက် သိမ်းဆည်းခဲ့သော လယ်ယာမြေများကို ပြန်လည်ပေး ရန်၊ သိမ်းဆည်းခဲ့သော မြေများကို ကာလပေါက်ဈေးနှင့် လျော်ကြေးပေး ရန်၊ ဒေသခံများ၏ ပညာရေးနှင့် ကျန်းမာရေးတွင် ထိရောက်စွာ ပံ့ပိုးပေးရန်၊ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲစနစ်များကို လုပ်ငန်းမစတင်မီ ကြိုတင်ဆောင်ရွက်ပေးရန် စသောအချက်များ ပါဝင်
သည်။
The Voice Weekly
0 comments:
Post a Comment