14.7.13

အရန်သင့်သုံး ကွန်ကရစ်လောင်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်မည်

စင်ကာပူအခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီ TiongSeng Holdings သည် ပြည်တွင်းမှ အင်အားကြီး ဆောက်လုပ်ရေး ကုမ္ပဏီ ရွှေတောင်တို့ ပူးပေါင်း၍ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပုံသွင်းကွန်ကရစ်ပစ္စည်းများ (Precast Components) ထုတ်လုပ်သည့်စက်ရုံ တစ်ခုကို တည်ဆောက် သွားမည်ဟု ထုတ်ပြန်ကြေညာသည်။


အဆိုပါစက်ရုံ တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနကစတင်နေပြီဖြစ်သော မြို့ပြ ဖွံ့ဖြိုးရေး နှစ် ၂၀ စီမံကိန်းအတွက် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံခြင်း ဖြစ် သည်ဟု TiongSeng ကုမ္ပဏီမှ CEO ဖြစ်သူ Peck Lian Guan က ပြောကြားကြောင်း စင်ကာပူ သတင်းဌာနများတွင် ဖော်ပြထားသည်။

အဆိုပါစက်ရုံကို TiongSeng Holdings Limited က ပိုင်ဆိုင်သော Robin Village Development ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း၊ ရွှေတောင်ဖွံ့ဖြိုးရေး ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သော High Tech Concrete Technology Co.,Ltd. က ၅၅ ရာခိုင်နှုန်းနှင့် Sin Mian Development Pte.Ltd. က ၁၅ ရာခိုင်နှုန်း အသီးသီးအချိုးကျ ပိုင်ဆိုင်ကြမည် ဖြစ်သည်။

ယင်းစက်ရုံမှ ပထမဆုံးထုတ်လုပ်မည့် ပစ္စည်းများကို အစိုးရက အကောင်အထည် ဖော်နေသော အိမ်ရာစီမံကိန်းများတွင် အ သုံးပြုသွားနိုင်ရန် မျှော်လင့်နေကြောင်း စင်ကာပူ မီဒီယာအ ချို့က ဖော်ပြကြသည်။

“Precast Components တွေက ဒီမှာတော့ နည်းနည်းစိမ်းတာပေါ့။ နိုင်ငံတ ကာမှာတော့ အသုံးတွင်ကျယ်နေပြီ။ ကုန်ကျစရိတ်ရော လုပ်အားရော အ များကြီးသက်သာတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးတစ်ဦးက မှတ်ချက်ပေးသည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံး ပုံသွင်းကွန်ကရစ် ပစ္စည်းများသည် အဆောက်အအုံ ဆောက်လုပ်ရာတွင် ကွန်ကရစ်ဖျော်ရည် အသုံးမပြုဘဲ တစ်စချင်းစီ တပ်ဆင်၍ တည်ဆောက်နိုင်စေရန် ကြိုတင် ပြုလုပ်ထားသော နံရံများ၊ အမိုးများ အစရှိသည့် အစိတ်အပိုင်းများ ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment