23.9.13

မြန်မာနိုင်ငံတွင် စိတ်ကျ ဝေဒနာရှင်များအတွက် သီးသန့်ဆေးခန်းများ ဖွင့်လှစ်ပေးရန် လိုအပ်နေ


မြန်မာ နိုင်ငံတွင် Stress Management Clinic များ ဖွင့်လှစ်ပေးရန် လိုအပ်လျက်ရှိကြောင်း စိတ်ကျန်း မာပညာဌာန ဆေး(၁) ရန်ကုန် မှ ပါမောက္ခဌာနမှူး ဒေါက်တာ ဝင်းအောင်မြင့်က ပြောသည်။

ယင်းသို့ ပြောကြားရခြင်း မှာလည်း စိတ်ကျရောဂါများ ကြောင့် မိမိကိုယ်ကို သတ်သေ ခြင်းများကိုကာကွယ်နိုင်ရန်အ တွက်ဖြစ်ကြောင်း သိရသည်။


''မြန်မာနိုင်ငံမှာ စိတ်ကျ ရောဂါနဲ့ပတ် သက်ပြီး နှစ်သိမ့်ဆွေး နွေးပေး မယ့်သူတွေ လုံလောက် တဲ့အင်အားမရှိဘူး။ NGOs တွေ က ဝန်ထမ်းတွေ ကို မွေးထုတ်ဖို့ လိုတယ်။ စိတ်ကျရောဂါရတဲ့သူ ဟာ အဲဒီ Clinic တွေကို သွား မယ်ဆိုရင် မိမိကိုယ်ကို သတ်သေ တဲ့အဆင့်မရောက်နိုင်တော့ဘူး။ နိုင်ငံတကာမှာလဲ ဒီလိုဆေးခန်း လေးတွေနဲ့ နှစ်သိမ့်ဆွေးနွေးတာ တွေ လုပ်ပါတယ်''ဟု ပါမောက္ခ ဌာနမှူး ဒေါက်တာဝင်းအောင် မြင့်က ပြောသည်။

အဆိုပါဆေးခန်းများတွင် နှစ်သိမ့်ဆွေးနွေးအကြံပေးမည့် သူများကိုလည်း လူမှုအဖွဲ့အစည်း များမှ မွေးထုတ်ပေးသင့်ကြောင်း၊ စိတ်ကျရောဂါဖြစ်ပွား သူများအား အဆိုပါဆေးခန်းများမှ နှစ်သိမ့် ဆွေးနွေး အကြံပေးခြင်းအားဖြင့် မိမိကိုယ်ကိုသတ်သေသည့်အ ဆင့်ကို ကြိုတင်ကာကွယ်ပေး ရာ ရောက်ကြောင်း သိရသည်။

လက်ရှိအနေအထားအရ ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် စိတ်ရောဂါ ကုသမှု ဌာနများ ကို ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံ ကြီး၊ မန္တလေး စိတ်ကျန်းမာရေး ဆေးရုံကြီးနှင့်တိုင်းနှင့်ပြည်နယ် အနှံ့အပြားရှိ ခုတင် ၃ဝဝဆံ့ဆေး ရုံကြီးများတွင် ဖွင့်လှစ်ပေးထား သော်လည်း စိတ်ကျရောဂါဖြစ် ပွားသူများမှာ လာရောက်ပြသမှု အလွန်နည်းပါးလျက်ရှိကြောင်း သိရသည်။
''စိတ်ကျရောဂါအတွက် ကုသတဲ့ဆေးတွေက တအားဈေး မကြီး ဘူး။ ဆေးရုံတွေ က တတ် နိုင်သမျှ ကုသပေးနိုင်တဲ့ အခြေ အနေရှိပေမယ့် ခက်တာက လာ မကုတာ။ အပြင်တွေမှာ က ရောဂါ ဖြစ်တဲ့ သူတွေရှိနေတာ''ဟု ယင်း က ဆက်လက်ပြောသည်။

ယင်းပြင် စိတ်ကျရောဂါ မှာ လူတိုင်းဖြစ်ပွားနိုင်ပြီး စနစ် တကျ ကုသမှုခံယူပါ က စိတ်ကျ ရောဂါဖြစ်ပွားသူများ၏ ရာခိုင် နှုန်း ၇၀ မှ ၈ဝသည် နှစ်ပတ်မှတစ် လအတွင်း လူကောင်းပြန်ဖြစ် လာနိုင်ကြောင်း၊ ကျန်သော ရာခိုင် နှုန်း ၂၀၊ ၃၀ လူများမှာ ထိုထက် ပို၍ အချိန်ယူကုသရန် လိုအပ် ကြောင်း သိရသည်။
စိတ်ကျရောဂါဖြစ်ပွားနေ သူများမှာလည်း မြန်မာနိုင်ငံတွင် လူ ၁၀၀ လျှင် ငါးဦးမှ၁၂ဦးအထိ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

နွေဦးလင်း
Yangon Media Group

0 comments:

Post a Comment