27.10.13

ခါးပိုက်နှိုက်တစ်ဦးဖမ်းဆီးရမိ

၂၅.၁၀.၂၀၁၃ရက်နေ့၁၀၄၀အချိန်တွင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊
အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များသည် ပန်းဘဲတန်းမြို့နယ်၊
ကုန်သည်လမ်းနှင့် လမ်း(၃၀)မှတ်တိုင်တွင် ခါးပိုက်နှိုက်ဖမ်းဆီးရေး
တာဝန်ဆောင်ရွက်နေစဉ် (၃၉)ယာဉ်လိုင်းပေါ်မှ ဆင်းလာသော ခါးပိုက်နှိုက်ပြစ်ချက်ဟောင်းရှိသူ မောင်မောင်စန်း(ခ)ရဲရင့်အောင် (ဘ)ဦးလှဝင်း၊ ကျည်ကုန်းရွာ၊ ကနောင်အုပ်စု၊ မြန်အောင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူအား တွေ့ရှိရှာဖွေရာ ၎င်းလွယ်ထားသည့် အညိုရောင်ဘေးလွယ်အိတ်အတွင်းမှ ငွေကျပ်(၁၈၀၀၀)နှင့် ဆင်းကဒ်မပါ
လက်ကိုင်ဖုန်း (၁)လုံးအားတွေ့ရှိစစ်မေးရာ၎င်းယာဉ်ပေါ်၌လိုက်ပါလာသည့်
အသက် (၂၅)နှစ်ခန့် အမျိုးသားတစ်ဦးထံမှ နှိုက်ယူရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြန်လည်သိမ်းဆည်းပြီး ပန်းဘဲတန်းမြို့မ
ရဲစခန်း(ပ)၃၄၅/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment