27.10.13

ဗိဿနိုး၊ သရေ ခေတ္တရာ ပျူမြို့ ဟောင်းများကို ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ရေး လှည့်လည် ကြည့်ရှု စစ်ဆေး ….

ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်၊ ICOMOS မှကျွမ်းကျင် ပညာရှင် Dr. Susan နှင့် တာဝန်ရှိ သူများသည်
ဗိဿနိုး၊ သရေ ခေတ္တရာပျူ မြို့ဟောင်းများကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ်သတ် မှတ်ရေးအတွက် ယနေ့တွင် လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းသည် မကွေးတိုင်း ဒေသကြီး မကွေး လေဆိပ်တွင် ကြိုတင် ရောက်ရှိနေသည့် ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်နှင့် ICOMOS မှ ကျွမ်းကျင် ပညာရှင် Dr. Susan တို့ နှင့်အတူ ဗိဿနိုး မြို့ဟောင်းနှင့် သရေ ခေတ္တရာ ပျူမြို့ဟောင်းများ၏ ဖွဲ့စည်းတည် ဆောက်ပုံ၊ ကြွင်းကျန် တည်ရှိနေသည့် ရှေးဟောင်း အဆောက်အအုံ များကို တပ်မတော် ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထိုမှတစ်ဆင့် ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ရှိ ရှေးဟောင်း သုတေသန နည်းပညာ သင်တန်းကျောင်း (ပြည်) သင်တန်း ခန်းမ၌ ကျောင်းအုပ် ဆရာကြီး ဦးဝင်းကြိုင်က ဗိဿနိုး နှင့်သရေ ခေတ္တရာ ပျူမြို့ဟောင်း များကို ကမ္ဘာ့ အမွေ အနှစ် စာရင်းတွင် ပါဝင်နိုင်ရေး အတွက် လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးနှင့် ICOMOS မှ ကျွမ်းကျင် ပညာရှင်တို့က သိရှိလိုသည် များကို မေးမြန်း ဆွေးနွေးကြသည်။

ထို့နောက် ဗိဿနိုးနှင့် သရေခေတ္တရာ ပျူမြို့ ဟောင်းများကို ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် အဖြစ် သတ်မှတ်နိုင်ရန် အတွက် လိုအပ် ချက်များကို ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်က ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းနှင့် အဖွဲ့ဝင်များသည် သရေခေတ္တရာ ရှေးဟောင်း သုတေသန ပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ပျူမြို့ဟောင်း

မှ တူးဖော်ရရှိသည့် ပျူခေတ်လက်ရာ ပစ္စည်းများကို လည်းကောင်း၊ သရေခေတ္တရာ မြို့ဟောင်း အတွင်းရှိ နန်းတော်ရာ တူးဖော်နေမှု၊ ရဟန္တာကန်၊ ဘောဘောကြီး ဘုရား၊ ဘဲဘဲဘုရား၊ ဗိဿနိုး မိဖုရား သင်္ချိုင်း၊ မကျီးကျကုန်း၊ အမှတ် (၅၃) ကုန်းနှင့် ပျူအရိုးအိုး(၃ဝ၈) လုံးတူးဖော် တွေ့ရှိ၍ ထိန်းသိမ်း ဆောင်ရွက် ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှု လေ့လာ ခဲ့ကြသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ဗိဿနိုး၊ သရေခေတ္တရာ နှင့်ဟန်လင်း ပျူမြို့ဟောင်းများကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ရေး အတွက် ဆောင်ရွက် လျက်ရှိရာ ကမ္ဘာ့အမွေအနှစ် အဖွဲ့၏ တာဝန်ပေးချက်အရ COMOS မှ ကျွမ်းကျင် ပညာရှင်က လာရောက် စစ်ဆေးလျက်ရှိပြီး ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် ဟန်လင်း မြို့ဟောင်းအား စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

0 comments:

Post a Comment