27.10.13

တာချီလိတ်မြို့နယ် အတွင်း လက်နက် ခဲယမ်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ် မြို့နယ် ၊ မိုင်းဖုန်း (ခ)ကျေးရွာ အုပ်စု ပါကောင် ကျေးရွာတွင် နေထိုင်သူ ဦးအိုက်ကျိုထား ၏ နေအိမ်အား အောက်တိုဘာ ၂၄ ရက်
မွန်းလွဲပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက သတင်းအရ ၀င်ရောက် ရှာဖွေရာ နေအိမ် အခန်းအတွင်း လက်ရှည် အင်္ကျီ ဘယ်ဘက် အိတ်ကပ် အတွင်းမှ ၉-မမ ကျည် ၃ တောင့် သိမ်းဆည်း ရမိသည်။ ထို့နောက် လုံခြုံရေး တပ်ဖွဲ့ဝင် များသည် တာချီလိတ် မြို့ပေါ် ပါခုတ်ခို ကျေးရွာတွင် နေထိုင်သည့် ဦးအိုက်ဒစ် (ခ) အိုက်လစ် ၏ နေအိမ်အား ဆက်လက် ရှာဖွေရာ နေအိမ် အခန်းအတွင်း အိပ်ရာခေါင်းအုန်း ဘေးတွင် ပစ္စတို တစ်လက် ၊ ကျည်အိမ် တစ်ခု နှင့် ၄င်းကျည် ၆ တောင့် ၊ သေနတ်အိတ် အနက်ရောင် တစ်ခုတို့အား သိမ်းဆည်း ရမိခဲ့ပြီး လက်နက် ခဲယမ်း များနှင့်အတူ ဖမ်းဆီး ရမိသော တရားခံ နှစ်ဦးအား ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily

0 comments:

Post a Comment