14.10.13

HTC ရဲ့ နောက်ထပ်မျိုးဆက်သစ် HTC One Max မကြာမီလာမည်

တရုတ်ဘလော့တစ်ခုဖြစ်တဲ့ Chinese blog Xuite မှာ HTC One Max ကို တရုတ်လူငယ်လေး
တစ်ယောက် ကိုင်ဆောင်ပြသထားတဲ့ပုံ ထွက်ပေါ်လာ အပြီး GSMarena ကယခုလိုရေးသားထားတာပါ။

GSMarena ရဲ့ ဖော်ပြချက်အရ HTC One Max ကိုလာမယ့် အောက်တိုဘာ
၁၆ ရက်နေ့မှာတရားဝင်ကြေငြာသွားမယ်လို့ဆိုပါတယ်။ ကနဦးထွက်ပေါ်နေ
တဲ့သတင်းများအရ လက်ဗွေစနစ်ပါဝင်မယ်လို့ဆိုထားတဲ့ အပြင်ပေါ့ပါးတဲ့
အလူမီနီယံကိုယ်ထည်နှင့် ပလစ်စတစ်ကိုယ်ထည်ဒီဇိုင်းနဲ့ ထွက်ရှိလာမယ်လို့
ဆိုတား ပါတယ်။

Dual-Sim အသုံးပြုလို့ရမယ့် စမတ်ဖုန်းဖြစ်ဖွယ်ရှိပြီး အခြားသတင်းတွေမှာ
တော့ ကြီးမားတဲ့မျက်နှာပြင်အရွယ် ၅.၇လက်မနှင့် 3300mAH ဘက်ထရီ
အထိသုံးပြုထားတယ်လို့ ဆိုပါတယ်။ ကိုယ်ထည်ဒီဇိုင်းအရ ယခင်ထွက်ရှိ
ပြီးဖြစ်တဲ့ HTC One ဒီဇိုင်းနဲ့တူညီမယ်လို့လည်း ရေးသားထားပါတယ်။

ဒါကြောင့် တရုတ်လူငယ်ကိုင်ဆောင်ထားတဲ့ HTC One Max လာမယ့်
အောက်တိုဘာ-၁၆ အမှန်တကယ်ကြေငြာမလားဆိုတာကတော့ စောင့်မျှော်
ရှုစားကြပါဦးလို့။


Ref:Gsmarena
TechSpace Journal

0 comments:

Post a Comment