14.10.13

နန္ဒာလှိုင် တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ်တင်သွင်းသော MISSHA အလှကုန် ပစ္စည်းသစ်မိတ်ဆက် October 14th, 201

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အကယ်ဒမီနန္ဒာလှိုင်မှ တစ်ဦးတည်း
ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးလျှက် ရှိသော ကိုရီးယားနိုင်ငံထုတ် MISSHAအလှကုန် ပစ္စည်းသစ် မိတ်ဆက်ပွဲ အခန်းအနား ကျင်းပခဲ့ကြောင်း အရောင်းဝန်ထမ်း တစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့ ဒီအလှကုန်ပစ္စည်းတွေကို လားရှိုးမှာ မိတ်ဆက်ပွဲလုပ်ရတာ အရမ်းဝမ်းသာပါတယ်။ ဒီပစ္စည်းက မနန္ဒာတစ်ဦးထဲ ကိုယ်စားလှယ် ယူထားတာလေ။ ဒီမိတ်ဆက်ပွဲမှာက သရုပ်ဆောင် အဆိုတော်ချစ်သုဝေ၊ စူပါမော်ဒယ်တွေနဲ့ မိတ်ဆက်ဖျော်ဖြေမယ် ပြီးရင်ဂိမ်းတွေကစားမယ်။ အမှတ်ရ လက်ဆောင်ပေးမယ်။ လက်တွေ့ အလှပြင်ပေးသွားမှာပါ”ဟု မိတ်ဆက်ပွဲ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သမီးတို့ ဒီပွဲကိုလာကြည့်ရတာ အရမ်းပျော်တယ် ဂိမ်းတွေလည်း ဆော့ရတယ်။ အမှတ်တရ ပစ္စည်းတွေလည်းရ။ မိတ်ကပ်အလှလဲပြင်ပေးတော့ အရမ်းပျော်ပါတယ်”ဟု မိတ်ဆက်ပွဲသို့ လာရောက်သူတစ်ဦးက ပြောသည်။

အလှကုန်ပစ္စည်း မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၂ရက်က ရွှေဖူးစာ ခန်းမတွင်ပြုလုပ်ခဲ့ပြီး ၁၃ရက်နေ့တွင် LADY FIRST( COSMETIC CENTER) တွင် လက်တွေ့လိမ်းလိုသူများအား အသားအရေနှင့် လိုက်ဖက်မည့် မိတ်ကပ်ကို ရွေးချယ်လိမ်းပေးသွား မည်ဖြစ်ကြောင်း ပွဲတာဝန်ရှိသူထံမှ သိရသည်။

စိုးမင်းနိင်(လားရှိုး)
မြန်မာ့ခေတ်

0 comments:

Post a Comment