14.10.13

မာလာလာ အနောက်တိုင်း၏ ရုပ်သေးရုပ်မဟုတ်ပါ

အသက် ၁၆နှစ်အရွယ် ပါကစ္စတန်ကျောင်းသူ မာလာလာက သူမကို အများက အနောက်တိုင်း၏
ဇာတ်ကောင်တစ်ဦးသဖွယ် ဖြစ်လာသည်ဟု
 ပြောကြားချက်များအပေါ် သူမသည် ပါကစ္စတန်သူ ဖြစ်ရသည်ကို များစွာ ဂုဏ်ယူမိကြောင်း တုံ့ပြန်လိုက်သည်။

သူမသည် လွန်ခဲ့သောနှစ် အောက်တိုဘာ ၉ရက်က တာလီဘန်တို့၏ လက်ချက်ဖြင့် ဦးခေါင်းတွင် သေနတ် ဒဏ်ရာထိမှန်ပြီး အသက်သေလုမြောပါး ဖြစ်ခဲ့ရသည်။ ထိုစဉ်က စစ်သွေးကြွများ၏ အမျိုးသမီးများအပေါ် စာပေသင်ကြားမှု ပိတ်ပင်တားမြစ်မှုကို ရဲရဲဝံ့ဝံ့  ရင်ဆိုင်ခဲ့သည်။ ဒဏ်ရာရပြီးနောက်ပိုင်းတွင် ဗြိတိန်၌ဆေးကုသမှု ခံယူခဲ့ပြီး၊ ကျောင်းလည်းဆက်တက်ခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသမီးများ ပညာသင်ကြားရေးနှင့် အမျိုးသမီး များ၏ အခွင့်အရေးအတွက် ပြယုဂ်တစ်ခုဖွယ် ဖြစ်လာပြီး အနောက်နိုင်ငံများ၏ ဂုဏ်ပြုမှုများ၊ ထောက်ပံ့မှုများကို ကို ဆက်တိုက်ရလာခဲ့သည်။

သူမသည်ပြီးခဲ့သော အောက်တိုဘာ ၁၀ရက်က အီးယူမှပေးသည့် လူ့အခွင့်အရေးဆုကို ရရှိခဲ့ပြီး အောက်တိုဘာ ၁၁ ရက်တွင် အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်တွင် တွေ့ဆုံဂုဏ်ပြုခဲ့သည်။ အောက်တိုဘာ ၁၃ရက်က ဘီဘီစီ ရုပ်သံအင်တာဗျူးတွင် ပါကစ္စတန် ပြည်သူအချို့က သူမသည် အနောက်တိုင်းပုံစံ ဖြစ်လာပြီ၊ အနောက်တိုင်းသူ ဖြစ်လာပြီဟု ပြောဆိုနေကြသည်ဟု မေးမြန်ရာ သူမက မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ သည်။

သူမ၏ ဖခင်ကလည်း ပညာရှာရာတွင် အရှေ့၊ အနောက် ခွဲစရာမလိုကြောင်း၊ ပညာရေးသည် ပညာရေး သာဖြစ်ကြောင်း၊ ထိုသို့အခွင့်အရေးသည် လူတိုင်းတွင်ရှိကြောင်းဖြင့် အားပေးတိုက်တွန်းခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ပါကစ္စတန်ပြည်သူတို့သည် သူမကို ဆက်လက်ထောက်ခံလျှက်ရှိပြီး၊ သူတို့အနေဖြင့် သူမကို အနောက်တိုင်း သူဟု မမြင်ကြောင်း၊ သူမကလည်း ပါကစ္စတန်၏ သမီးပျိုတစ်ဦးသာဖြစ်ကြောင်းနှင့် ပါကစ္စတန် သူ ဖြစ်ရသည်ကို ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ထိုမျှမက တစ်ရက်တွင် သူသည်သေနတ်ပစ်ခံရပြီး နောက်ရက်တွင် လူများက သူ့ကို မာလာလာဟု ၀ိုင်းပြောခဲ့ကြောင်း၊ သူတို့ကိုယ်တိုင် နိုင်ငံခြားသို့ သွားရောက်ဆေးကုရန် ပညာဆက်သင်ရန် တွန်းအား ပေးခဲ့ကြောင်း ဆိုသည်။ အနောက်နိုင်ငံတွင် ပညာသင်ကြားနေသည့်အပေါ် သူမက လက်ရှိအချိန်တွင် ဆီရီးယားလိုနိုင်ငံမျိုးတွင် ပညာရှာရန် ခက်ခဲ့ကြောင်း ထောက်ပြခဲ့သည်။

နောက်ဆုံးအနေဖြင့် သူမသည် ပါကစ္စတန်သို့ပြန်ကာ နိုင်ငံရေးသမားအဖြစ် ရပ်တည်လိုကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုတွင် နိုင်ငံရေးဆက်လုပ်ရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။

Ref; AFP
မြန်မာ့ခေတ်

0 comments:

Post a Comment