17.11.13

ဘိန်းဆီခဲနှင့် စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ


၁၆-၁၁-၂၀၁၃ ရက်နေ့ ၁၄၀၀ အချိန် ၀ိုင်းမော်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ၀ိုင်းမော်မြို့နယ်၊ ၀ါရှောင်ကျေးရွာအနီး၊ ဘားကျွင့်တံတားတွင် ကန်ပိုက်တီးမှလာသော ၀ိုင်းမော်မြို့နယ်၊ ကန်ပိုက်တီးမြို့နယ်ခွဲ၊ နော့ဂူကျေးရွာနေ လီချုန်းလျှိုး(ခ)လော့ဆာ(၄၅)နှစ် မောင်းနှင် လာသည့်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ဆိုင်ကယ်ဖင်ထိုင်ခုံအောက်မှ ဘိန်းဆီခဲ(၃.၁၈၄)ကီလို၊ တန်ဘိုးငွေကျပ်(၄၇.၇၆)သိန်း၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၇၂၁ ပြား၊ တန်ဘိုးငွေကျပ်(၆၉.၃၉)သိန်းတို့အား သိမ်းဆည်းအရမိသဖြင့် ၀ိုင်းမော်မြို့မရဲစခန်းမယ(ပ)၂၉၈/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

အေးချမ်းမွန်

0 comments:

Post a Comment