17.11.13

တောင်ကြီးမီးပုံးပျံတစ်ခု ကောင်းကင်ယံတွင်ံမီးလောင်ပြီး ရဲကင်းပေါ် ပြုတ်ကျ

ယခုနှစ်တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင်
မီးပုံးပျံပြိုင်ပွဲကျင်းပနေစဉ်ယမ်းခွေလောင်ကျွမ်းခြင်း၊
ယမ်းခွေအလေးချိန်မမျှ၍မီးပုံးပျံမတက်နိုင်ပဲကွင်း
အတွင်းယမ်းပေါက်ကွဲခြင်းများဖြစ်ပေါ်ခဲ့

သည်။နိုဝင်ဘာလ၁၅ရက်နေ့ညပြိုင်ပွဲဝင်မီးကြီး
များအနက်ညောင်ရွှေဟော်ကုန်းရပ်ကွက်မှလူကဲ
မီးညမီးကြီးသည်လည်းလွှတ်တင်စဉ်ကောင်းကင်
ယံအရောက်မီးပုံးပျံကိုယ်ထည်အားမီးကူးရာမှပွဲ
ခင်းအတွင်းပြုတ်ကျလောင်ကျွမ်းသွားခဲ့သည်။
မီးလောင်ပြုတ်ကျလာသောမီးကြီးသည်အဝေရာကုန်းမြင့်သာပေါ်သို့ရောက်ရှိကာထိုနေရာရှိရဲတပ်ဖွဲ

့ကင်းတဲနှင့်အခြားယာယီတဲတစ်ခုတို့လောင်ကျွမ်းကာတပ်ဖွဲ့ဝင်တစ်ဦးအနည်းငယ်ထိခိုက်ဒဏ်ရာရရှိ
သွားသည်ဟုတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ယခုနှစ်မီးပုံးပျံပြိုင်ပွဲသို့မီးပုံးပျံပေါင်း၃၈၆လုံးပြိုင်ပွဲဝင်
ခဲ့ရာညမီးကျည်း၆၈လုံးပြိုင်ပွဲဝင်မည်ဖြစ်ပြီးယမန်နှစ်ထက်ပြိုင်ပွဲဝင်မီးပုံးပျံလျော့နည်းကြောင်းသိရသည်။
ညမီးကြီးတစ်လုံးအတွက်ပျမ်းမျှကုန်ကျစရိတ်မှာ၂၅သိန်းမှသိန်း၄၀အထိရှိကြောင်းပြိုင်ပွဲဝင်မီးကြီးတစ်လုံးမှ
မီးဆရာတစ်ဦးကပြောပြသည်။

လူကဲမီးကဲ့သို့ပင်မီးပုံးပျံမီးလောင်ခြင်း၊ယမ်းခွေပွဲခင်းအတွင်းမီးကူးခြင်းဖြစ်ပွားမှုများညစဉ်လိုတွေ့ရှိရသည်

ဟုပွဲကြည့်ပရိသတ်တစ်ဦးကပြောကြားသည်။ယမန်နှစ်ကပြိုင်ပွဲမစတင်မီကမီးပုံးပျံပြင်ဆင်နေစဉ်မတော်
တဆဖြစ်မှုများဖြစ်ပွားခြင်း၊အသက်အန္တရာယ်ထိခိုက်ခြင်းများဖြစ်ပွားခဲ့သည်။ယခုနှစ်တွင်မူယမ်းစပ်နေစဉ်
မီးလောင်မှုတစ်မှုသာဖြစ်ပွားခဲ့ပြီးပွဲတော်နေ့များအတွင်းမီးပုံးပျံမီးလောင်မှုများ၊သတ်မှတ်ပေမရောက်မီ
ယမ်းခွေမီးကူးခြင်းများဖြစ်ပေါ်ခဲ့သည်။

Venus News Weekly

0 comments:

Post a Comment