22.11.13

ဆိုင်းနိုင်းတွင် ကားဗုံးကွဲ အနည်းဆုံးအီဂျစ်စစ်သား ၁ဝဦးသေ

ဗုဒ္ဓဟူးနေ့က အီဂျစ်နိုင်ငံ ဆိုင်းနိုင်းတွင် စစ်တပ်ယာဉ်တန်း တစ်ခုကို ကားဗုံးတစ်လုံးဖောက် ခွဲတိုက်ခိုက်ခဲ့ရာ အီဂျစ်စစ်သား
အနည်းဆုံး၁ဝဦး သေဆုံးခဲ့သည်။ ယင်းဒေသတွင် အီဂျစ်၏ အစ္စ လာမ္မစ်သမ္မတဖြုတ်ချခံရပြီးက တည်းက လုံခြုံရေးတပ်ဖွဲ့ဝင်များ မှာ အကြိမ်ကြိမ်ပစ်မှတ်ထား တိုက်ခိုက်ခံနေရကြောင်း စစ်တပ် က ပြောကြားခဲ့သည်။

သေဆုံးသူများအပြင် အခြား သူ ၃၅ဦးလည်း ဒဏ်ရာရခဲ့ပြီး ဆေးရုံတက်ရသူတချို့မှာ စိုးရိမ် ရသည်ဟု ကြေညာချက်တစ်ခု တွင် ဖော်ပြထားသည်။North Sinai ၏ ဒေသဆိုင်ရာ မြို့တော် အယ်လ်အာရစ်ရှ်အနီး ဗုံးကွဲခဲ့ ခြင်းဖြစ်ပြီး ယာဉ်တန်းဖြတ်သန်း စဉ် ဗုံးတင်ထားသော ရပ်ထား သည့်ကားမှ ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း လုံခြုံရေးအရာရှိတစ်ဦး က ပြောကြားခဲ့သည်။

ခွင့်ရစစ်သားများကို တင် ဆောင်လာသော ဘတ်စ်ကား မှာ ပေါက်ကွဲမှုဒဏ်ကို အဓိက ခံရပြီး ဒေသစံတော်ချိန် နံနက် ရနာရီ၄၅မိနစ်တွင် ပေါက်ကွဲခဲ့ ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့ သည်။ ဩဂုတ် ၁၉ရက်ကလည်း North Sinai ရာဖာမြို့ တွင် လုံခြုံရေးတပ်ဖွဲ့ယာဉ်တန်းကို သေနတ်သမားများက ခြုံခိုတိုက် ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၂၅ဦး သေဆုံးခဲ့သည်။

အထူးသဖြင့် ဇူလိုင် ၃ရက် က သမ္မတမိုဟာမက်မော်စီကို စစ်တပ်က ဖြုတ်ချပြီးကတည်းက ဆိုင်းနိုင်းတွင် နေ့စဉ်နီးပါးတိုက် ခိုက်ခံရမှုကြောင့် စစ်သားနှင့် ရဲ တပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်သည်။ စစ်တပ်က မတည်ငြိမ်သော ဆိုင်းနိုင်းကျွန်း ဆွယ်သို့ တပ်ဖွဲ့ဝင်များစွာချထား သည်။
၎င်း၏လက်ထောက်တချို့ အပါအဝင် မော်စီနှင့် မူဆလင် ဘရားသားဟုဒ်အဖွဲ့ဝင်များမှာ တရားခွင်ရင်ဆိုင်နေရသည်။ နှိမ် နင်းမှုများ ပြုလုပ်သော်လည်း မော်စီကို ထောက်ခံသူများက ကိုင်ရိုနှင့် တခြားမြို့ကြီးများတွင် ဆန့်ကျင်ဆန္ဒပြမှုများ ပုံမှန်ပြုလုပ် လျက်ရှိသည်။

AFP
Yangon Media Group

0 comments:

Post a Comment