22.11.13

အဆန်းထွင်မိသည့် ကြော်ငြာကြောင့် ရော်နယ်လ်ဒိုကို Pepsi ပြန်တောင်းပန်ရ

အင်္ဂါနေ့ ညပိုင်းက Pepsiသည် ရော်နယ်လ်ဒိုကို ရည်စူးသည့် ပုံစံဖြင့် ပေါ်တူဂီ လက်ရွေးစင်အသင်း ဂျာစီကို ဝတ်ဆင်ထားသည့် ကျောနံပါတ်(၇) အရုပ်ကလေးကို စုန်းအတတ်ဖြင့် ပြုစားတိုက်ခိုက်ထားသည့် ပုံစံမျိုး ကြော်ငြာများ ထုတ်လွှင့်ခဲ့သည်။


အဆန်းထွင်မိသည့် ကြော်ငြာကြောင့် ရော်နယ်လ်ဒိုကို Pepsi ပြန်တောင်းပန်ရကမ္ဘာကျော် အဖျော်ရည် လုပ်ငန်းစုကြီး Pepsi ကုမ္ပဏီ၏ ဆွီဒင်ရုံးခွဲသည် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပုဂ္ဂိုလ်ရေး စော်ကားသည့် သဘောမျိုး အဆန်းထွင်ထားသည့် ကြော်ငြာများကြောင့် ပြန်လည် တောင်းပန်ခဲ့ရကြောင်း သိရှိရသည်။ အင်္ဂါနေ့ ညပိုင်းက Pepsiသည် ရော်နယ်လ်ဒိုကို ရည်စူးသည့် ပုံစံဖြင့် ပေါ်တူဂီ လက်ရွေးစင်အသင်း ဂျာစီကို ဝတ်ဆင်ထားသည့် ကျောနံပါတ်(၇) အရုပ်ကလေးကို စုန်းအတတ်ဖြင့် ပြုစားတိုက်ခိုက်ထားသည့် ပုံစံမျိုး ကြော်ငြာများ ထုတ်လွှင့်ခဲ့သည်။ အဆိုပါကြော်ငြာများသည် ကမ္ဘာ့ဖလား ဥရောပဇုန် နောက်ဆုံးအဆင့် ရှုံးထွက်ခြေစစ်ပွဲ၌ ဆွီဒင်နှင့် ပေါ်တူဂီတို့ ဒုတိယအကျော့ ကစားမည့် ပွဲစဉ်မတိုင်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပထမအကျော့က ပေါ်တူဂီမြေတွင် ရော်နယ်လ်ဒို သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အိမ်ရှင်တို့ အနိုင်ရထားခဲ့သည်။ ယင်းဗီဒီယိုနှင့် ပတ်သက်ပြီး ပေါ်တူဂီ ပရိသတ် များစွာတို့က ဒေါသတကြီး ဝေဖန်ခဲ့ပြီး အခြားနိုင်ငံများမှ ရော်နယ်လ်ဒို ပရိသတ်များကပါ ဆန့်ကျင်ခဲ့ကြသည်။ Facebookပေါ်တွင် "Pepsi ဘယ်တော့မှ မသောက်တော့သူများ"ဆိုသည့် Groupတစ်ခုကို ထူထောင်ခဲ့ရာ နာရီပိုင်းအတွင်း ထောက်ခံသူ (၄၀၀၀၀)ကျော် ဖြစ်သွားခဲ့သည်။ အဆိုပါ Groupသည် Pepsi၏ လုပ်ရပ်ကို မနှစ်မြို့ကြောင်း ထုတ်ဖော်ပြသလာခြင်းလည်း ဖြစ်သည်။ ကြာသပတေးနေ့တွင်မူ Pepsiက မိမိတို့၏ အတတ်ဆန်းမှုအတွက် ပြန်လည် တောင်းပန်ခဲ့ရသည်။

"ပြိုင်ပွဲတစ်ရပ်မှာ ကျွန်တော်တို့ ယုတ်ညံ့တဲ့ စိတ်ဓာတ်နဲ့ ချဉ်းကပ်တာမျိုး ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ကြော်ငြာကြောင့် စော်ကားသလို သက်ရောက်သွားသူ အားလုံးကို ပြန်တောင်းပန်ချင်ပါတယ်"ဟု Pepsiက ကြေညာခဲ့သည်။ ၎င်းတို့ အနေဖြင့် ရော်နယ်လ်ဒိုကို ပြုစားသည့်ဟန် ကြော်ငြာမျိုး ပြုလုပ်ခဲ့သော်လည်း အမှန်တကယ်မူ မပြုစားနိုင်ဘဲ ပေါ်တူဂီက ဆွီဒင်မြေတွင် (၃-၂)ဖြင့် အနိုင်ကစားပြီး ကမ္ဘာ့ဖလားသို့ ရောက်ရှိသွားသည်။ ယင်းပွဲတွင် ရော်နယ်လ်ဒိုက တစ်ဦးတည်း (၃)ဂိုးသွင်းကာ Hat-Trickပိုင်ရှင် ဖြစ်လာသည်။ Pepsiသည် ပေါ်တူဂီတွင် လူကြိုက်အများဆုံး၊ အရောင်းရဆုံး အဖျော်ရည် အမှတ်တံဆိပ်အဖြစ် ရပ်တည်နေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

0 comments:

Post a Comment