22.11.13

ကျနော့် ဘ၀ မှာ ပရီးမီးယားလိဂ် ဖလား ကို မကိုင်မြောက် ဖူး ခဲ့ရမှာကို တော့ ၀မ်းနည်း မိပါတယ် ( စတီဗင် ဂျာရတ် )

လီဗာပူးလ် အသင်း နင့် အင်္ဂလန် လက်ရွေးစင် အသင်း တို့ ဧ။် အသင်းခေါင်းဆောင် ကွင်းလယ် ကစားသမားကြီး စတီဗင် ဂျာရတ်က က သူ့ အနေဖြင့် ကြိုးကြာနီ ကစားသမား
ဘ၀ တွင် ဖလား ပေါင်းများစွာ ဆွတ်ခူး ရရှိခဲ့ဖူးသော်လည်း အင်္ဂလန် ဧ။် အကြီး ဆုံး ဖလားကြီး ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားကြီး အာ မကိုင်မြှောက်ဖူးခဲ့ပဲ ကစားသမား ဘ၀ မှ အနား ယူသွား ရမယ့် အဖြစ် ကို ၀မ်းနည်း မိကြောင်း ပြောကြားသွားခဲ့သည်ဟု သိရသည် ။

ကြိုးကြာနီ အသင်း ဧ။် ဂန္တာဝင် အသင်းခေါင်းဆောင် ကြီး သည် မာဆေးဆိုဒ် ကလပ် ဖြင့် ဥရောပ ဧ။် အကြီးဆုံး ဖလား အားလုံး ကို ပိုင်ဆိုင် ကိုင်မြှောက် အောင်ပွဲ ခံဖူး သော်လည်း တစ်ချိန်က ၄င်းတို့  အသင်း အကြိမ်ကြိမ် ဗိုလ်ဝင်ခံ ခဲ့သည့် အင်္ဂလန် ဧ။် အကြီးဆုံး ပ၇ီးမီးယား လိဂ် ဆိုဖလားကြီး ကို မူ ကိုင်မြှောက်ဖူးခြင်း မရှိခဲ့သဖြင့် ယခုနစ် ရာသီ တွင် ၄င်း ဆိုဖလားကြီး အား ရယူ ရန် ဆန္ဒပြင်းပြ နေကြောင်း ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။ ESPN သတင်း ဌါန နင့် တွေ့  ဆုံ ရာတွင် ကြိုးကြာနီ အသင်းခေါင်းဆောင်ကြီး က .... " ကျနော့် ကစားသမား ဘ၀ မှာ ကျနော် အလိုချင်ဆုံး ဖြစ်တဲ့ အရာ နဲ့  တစ်ခု ပဲ လွဲချော် ခဲ့ဖူးပါတယ် ။ ဒါပေမယ့် အဲဒီ အတွက် စိတ်မကောင်း ဖြစ်မိပေမယ့် စိတ်ပျက် ၊ဒေါသ ထွက် မှု တွေ တော့ မဖြစ် မိပါဘူး ။ အဲဒီ အရာ က ကျနော့် ကို အာငယ် ကြောက်ရွှံ့  စေတယ် လို့ လည်း ကျနော် မထင်မိပါဘူး ။ ကျနော် အသက် ၁၈ နစ် သား ကတည်းက အဲဒီ ဖလား ကြီး ကို သိမ်းပိုက် ဖို့  ကြိုးစားခဲ့ပါသေးတယ် ။ ဒါပေမယ့် မျှော်လင့်ချက် မပြည့်ဝ ခဲ့ပါဘူး ။ ဒါပေမယ့် ကျနော် ကတော့ မျှော်လင့်ချက် ကို မစွန့် လွတ်သေးပါဘူး ။ " ဟု သူဧ။် မျှော်လင့်ချက် အား ပြောကြား သွားခဲ့ကြောင်း သိရသည်။

Written by ၀ိုင်း ( ကျိန်းရိပ် )
http://www.football-cafe.com/

0 comments:

Post a Comment