1.12.13

ပြန်ပေးဆွဲခံခဲ့ရသူ ၁၈ဦးစလုံး ပစ်သတ်ခံရ

နိုဝင်ဘာ ၂၉ရက် အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တောင်ဖက်ပိုင်းတွင် တည်ရှိ သော တာမီးယားမြို့တွင် လူ၁၈ဦးသည် နေအိမ် အသီးသီးမှ ပြန်ပေးဆွဲခံခဲ့ရပြီး နောက် နာရီပိုင်းအတွင်း အသတ်ခံခဲ့ ရကြောင်း၊ သူတို့၏ အလောင်းများကို ရဲများက တွေ့ရှိခဲ့ကြောင်း ကြေညာသည်။

သေဆုံးသူအားလုံးသည်ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့်
သေဆုံးနေကြသည်။ အီရတ်တွင် ယင်းကဲ့သို့ သေဒဏ်စီရင်သည့်
ပုံစံမျိုး ပစ်သတ်မှုများ နိုင်ငံတစ်ဝန်းတွင် မြင့်တတ်လျှက် ရှိသည်။
အသတ်ခံရသူများထဲတွင် စစ်ဘက်မှ အရာရှိတစ်ဦးလည်း
ပါဝင်သည်။

မျက်မြင်သတ်သေများက ပြန်ပေးဆွဲသူများသည် ရဲဝတ်စုံကို ၀တ်ဆင်ထား ကြသည်ဟု ဆိုသည်။ ယခုဖြစ်ရပ်သည် ဘဂ္ဂဒက်တွင် သေနတ်ဒဏ်ရာ နှင့်သေဆုံးနေသော အလောင်း ၁၃လောင်းတွေ့ရှိပြီးနောက်ပိုင်း ရက် အနည်းငယ် အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အီရတ်တွင် အောက်တိုဘာ တစ်လတည်းအတွင်း နည်းအမျိုးမျိုးဖြင့် အသတ်ခံသူပေါင်း ၉၇၉ဦး ရှိခဲ့သည်။ ယင်းတို့ထဲတွင် ရဲတပ်ဖွဲ့ဝင် ၁၅၈ဦးနှင့် စစ်ဘက်မှ ၁၂၇ဦးတို့ ပါဝင်ကြောင်း ကုလသမဂ္ဂက ဆိုသည်။ ယခုနှစ်ဆန်းပိုင်းမှ လက်ရှိအချိန်အထိ အရပ်သားသေဆုံးမှုပေါင်း ၆၅၀၀ခန့်ရှိလာပြီဖြစ်သည်။

၂၀၁၃ခုနှစ် ဧပြီလက အစိုးရကိုဆန့်ကျင့်သည့် ဆွန်နီအာရပ်များကို စစ်တပ်မှအကြမ်းနည်းဖြင့် နှိမ်နင်းခဲ့ပြီးနောက်ပိုင်း သွေးစွန်းသည့်
ဖြစ်ရပ်များ မြင့်တတ်ခဲ့ခြင်း ဖြစ်သည်။ ဆန့်ကျင်သူများက ရှီယာဝန်ကြီးချုပ် Nouri Maliki သည် လူနည်းစုဖြစ်သော ဆွန်နီများအပေါ် ပစ်မှတ်ထား သတ်ဖြတ်နေသည်ဟု စွတ်စွဲထားကြသည်။

Ref: AP

မြန်မာ့ခေတ်

0 comments:

Post a Comment