16.12.13

အမေရိကန်မှ စာသင်ကျောင်းအတွင်း ၀င်ရောက်ပစ်ခတ်မှု၊ တိုက်ခိုက်သူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွား

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့ အနီးမှ အရက်ပါဟိုး အထက်တန်းကျောင်း အတွင်းသို့ သေနတ်သမား တစ်ယောက်က ၀င်ရောက်ပစ်ခတ်ခဲ့သဖြင့် ကျောင်းသားနှစ်ဦး ထိခိုက်ဒဏ်ရာရပြီး
သေနတ်သမားမှာလည်း သူ့ကိုယ်သူ ပြန်ပစ်သတ်ကာ အဆုံးစီရင်သွားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။



ဒီဇင်ဘာ ၁၃ရက်က ဖြစ်ပွားသည့် စာသင်ကျောင်းအတွင်း
ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူနှစ်ဦးအနက် တစ်ဦးမှာ စိုးရိမ်ရ ကြောင်းသိရသည်။

ထိုနေ့ သေနတ်သမားသည် ပြောင်းတိုသေနတ်တစ်လက်ကိုကိုင်ကာ ၀င်လာပြီး ကျောင်းဆရာတစ်ဦး၏ အမည်ကို ထုတ်ပြောကာ ရှိမရှိ မေးမြန်းခဲ့သည်။ သူရှာသည့် ကျောင်းဆရာမှာ စာကြည့်တိုက်တာဝန်လည်း ထမ်းဆောင် နေရသူ ဖြစ်သည်။

ကျောင်းသားတစ်ဦးက သေနတ်သမားကို ရင်ဆိုင်တိုက်ခိုက်ခြင်းဖြင့် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် သူ့ကို သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ခဲ့ရသည် ။

ယင်းဖြစ်ရပ်ကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ရာ စာသင်ခန်းပေါင်း ၇၀မှ ကျောင်းသား/သူပေါင်း ၂၂၀၀သည် ကျောင်းဝန်း တစ်ဘက်မှ ဆီးနှင်များဖုံးနေသော အားကစားကွင်းတွင် စုဝေးနေကြသည်ကို
တွေ့ခဲ့ရသည်။

ကျောင်းသူတစ်ဦး၏ အဆိုအရ ပစ်ခတ်အော်ဟစ်သံများ ဆူညံသွားပြီး နာရီဝက်ခန့်အကြာတွင် ရဲများက ကျောင်းပြင်ပသို့ ထွက်ကြရန် အော်ဟစ်အမိန့်ပေးသည်ကြခဲ့ကြောင်းနှင့် သူုတို့ထွက်လာချိန်တွင် အ၀င်ဝစင်္ကြန်တွင်
သွေးများ ပြန့်ကျဲနေသည်ဟု ပြောပြခဲ့သည်။

ယခုဖြစ်ရပ်သည် နယူးတောင်းမှ မူလတန်ကျောင်းတစ်ကျောင်းကို စိတ်မနှံသော သေနတ်သမားတစ်ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် ကလေးငယ် ၂၀ဦးအပါအ၀င်စုစုပေါင်း ၂၆ဦးသေဆုံးခဲ့သော
ဖြစ်ရပ်ဆိုးဖြစ်ပွားပြီး တစ်နှစ်မ ပြည့်မီ တစ်ရက်အလိုတွင်
ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Ref: AP
The Myanma Age

0 comments:

Post a Comment