16.12.13

ဦးလေးဖြစ်သူကို ကွက်မျက်ပြီးနောက် ကင်ဂျုံအန် နောက်ထပ် ဖယ်ရှားမည့်သူ ဘယ်သူဖြစ်ဦးမလဲ

မြောက်ကိုရီးယားက နိုင်ငံ၏နံပါတ် ၂ ခေါင်းဆောင်၊ ကင်ဂျုံအန်၏ ဦးလေးဖြစ်သူကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အပါအ၀င် အခြားသော စွဲချက်တစ်သီးတစ် တန်းနှင့် သေဒဏ်ပေးလိုက်ကြောင်း ဒီဇင်ဘာ ၁၃ရက်က တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

ကင်ဂျုံအန်သည် တစ်ချိန်က မိမိကို စင်ပေါ်တင်ပေးခဲ့သော ဦးလေးဖြစ်သု Jang Song Thaek ကို စစ်ခုံရုံးတင်ကာ

ခပ်မြန်မြန်ကွပ်မျက်စေခဲ့ခြင်းသည် သူ၏ နေရာကို လာလှုပ်သည့် မည်သူ့ကိုမျှ မျက်နှာမ
ထောက်နိုင်ဟု ပြောင်ပြောင်တင်းတင်း တုန့်ပြန်ပြလိုက်ခြင်း
ဖြစ်လေသလားဟု နိုင်ငံတကာ အသိုင်းအ၀န်းက သုံးသပ်နေကြသည်။

တရုတ်ပြည်နှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူ တစ်ဦးကို ကွပ်မျက်မှုသည် ပြုံးယမ်းနှင့် ဘေကျင်းအကြား အပြန်အလှန် သတိထားဆက်ဆံရမည့် အရေးကိစ္စဖြစ်လာခဲ့ပြီ။

တစ်နည်းအားဖြင့် မြောက်ကိုရီးယား၏ စီပွားရေးပြန်လည်
တည်ဆောက်မှုနှင့် နျူလက်နက် လျော့ချရေး အစီအစဉ်အတွက် တရုတ်ကို သံသယနှင့် ဆက်ဆံမှုများ ပိုမိုတိုးပွားလာရန် တွန်းအားပေးလိုက်သလိုပင်။
ဆစ်ဒနေတက္ကသိုလ်မှ အရှေ့မြောက်အာရှလုံခြုံရေး ကျွမ်းကျင်ပညာရှင် ဂျင်ဒေါင်ယမ်းက သင်ဟာ ဂက်စ်ပိုက်လိုင်းတစ်ခုပေါက်သလို အခြေအမျိုးနှင့် ရင်ဆိုင်နေရလျှင် နောက်ထပ်မီးပွင့်တစ်စ တစ်လေမှ မကျရန် အလွန့် အလွန် သတိထားရတောမည်ဟု ဆိုသည်။

သူ့အဆိုအရ ယခုဖြစ်ရပ်သည် အန္တရာယ်ယိုပေါက်တစ်ခု ပွင့်သွားခြင်းဖြစ်၍ နှစ်နိုင်ငံ အဆက်အဆံမပျက် ရင်ကြားအပ်နိုင်ရန်မှာ နောက်ထပ် ဖြစ်ရပ်ဆိုးတစ်ခုမှ ထပ်ကြုံ၍မရနိုင်တော့သော အခြေအနေမျိုး ဖြစ်လာသည်။


Jang Song Thaek သည် ကင်ဂျုံအန်၏ အုပ်ထိန်းသူတစ်ဦးဟု
ဆိုနိုင်သလို ကင်ဂျုံအီလက်ထက်ကတည်းက တရုတ်နှင့် နီးကပ်စွာဆက်ဆံရေးတွင် အခရာကျသူတစ်ဦးဖြစ်ခဲ့သည်။

ယခုအချိန်တွင် တရုတ်နိုင်ငံသားများက မြောက်ကို ရီးယားနှင့် ပတ်သတ်လျှင် ခေါင်းမာသော သစ္စာရှိနိုင်ငံအဖြစ် ရပ်တည်ပေးခြဲ့ခင်း၊ အစဉ်ထောက်ပံ့ ကူညီနေခဲ့ခြင်းများ အပေါ် အစိုးရကို
မေးခွန်းထုတ်လျှက်ရှိသည်။

ကင်ဂျုံအန် အသက် ၃၀နှစ်၏ ဆုံးဖြတ်ချက်ဖြစ်သော အဒေါ်အရင်း၏ ခင်ပွန်းကို အကြီးမားဆုံး ပြစ်ဒဏ်ဖြင့် မြောက်ကိုရီးယား နိုင်ငံရေးဇာတ်ခုံမှ ဆွဲထုတ်လိုက်ခြင်း သည်သူ၏ ဖခင်နှင့် အဖိုးထက်ပင်
သွေးအေးပုံပေါက်နေသည်ဟု ကမ္ဘာတစ်ဝန်းမှ မြောက်ကိုရီးယား
အရေးစောင့်ကြည့်သူများက ဆိုသည်။

ကင်ဂျုံအန်၏ ဖခင်နှင့် အဖိုး လက်ထက်ကလည်း ထိုသို့သောလုပ်ရပ်များ အမြောက်အများ ရှိခဲ့သော်လည်း သွေးသားနီးစပ်လွန်းသူများအပေါ်တွင် ပါးနပ်သော နည်းလမ်း များသုံးကာ အဝေးပို့ ဖယ်ရှားခဲ့ကြသည်။
Jang Song Thaek သေဒဏ်မပေးမီ ရက်ပိုင်းအတွင်းကလည်း သူ၏ နောက်လိုက်နှစ်ဦးကို ကွပ်မျက်ခဲ့ ဖူးသည်။

အာဏာရှင်ဆန်သည့် နိုင်ငံများတွင် ထိုသို့သော ကိစ္စများကိုင်တွယ်
ဖြေရှင်းသည့်အခါ တစ်ဦး တစ်ယောက်တည်းနှင့် အဆုံးသတ်လေ့မရှိဘဲ မီးခိုးကြွက်လျောက် အသိုက်အ၀န်းတစ်ခုလုံး လောင်မြိုက်တတ်သော သဘောရှိသည်။ ထို့အတွက် မြောက်ကိုရီးယား၏ အတွင်းလူများထဲမှ ကင်ဂျုံအင် ရှင်းထုတ်ဦးမည် နောက်ထပ်တစ်ဦး ကျန်ရှိ၊ မရှိကို နိုင်ငံတကာ အသိုင်းအ၀န်းက ဂရုတစိုက် စောင့်ကြည့်နေကြသည်။

Ref: AP, AFP
The Myanma Age

0 comments:

Post a Comment