16.12.13

ရ၀မ်ဒါ အတိုက်အခံ အမျိုးသမီးခေါင်းဆောင်ကို ထောင်သက်တမ်း ထပ်မံ တိုးမြှင့်

ရ၀မ်ဒါ တရားရုံးချုပ်က အတိုက်အခံခေါင်းဆောင် ဗစ်တိုးရီးယား အင်ဂါဘရီကို မူလကချမှတ်ထားသော ထောင်ဒဏ် ရှစ်နှစ်မှ ၁၅နှစ်သို့ တိုးမြင့်ချမှတ်လိုက်သည်

သူမသည် နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောက်ယှက်မှုနှင့် ၁၉၉၄က မျိုးဖြုတ်သတ်ဖြတ်မှုများအပေါ် ဝေဖန်ပစ်တင်ခြင်းတို့အတွက် အပြစ်ရှိသည်ဟု သတ်မှတ်ကာ ပစ်ဒဏ်ကို တိုးမြင့်လိုက် ခြင်းဖြစ်သည်။



Unified Democratic Forces (UDF) ၏ ခေါင်းဆောင် ၂၀၁၀ခုနှစ် ဧပြီလက နယ်သာလန်မှ ပြန်လည်ရောက်ရှိလာ ချိန်တွင် ပြည်သူများ ဆူပူထကြွစေရန် ရည်ရွယ်ကာ ကောလာဟလများ လွှင့်သည်ဟူသော စွတ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီး ထိုနှစ်က ကျင်းပသည့် ရွေးကောက်ပွဲကို မ၀င်နိုင်အောင် ချုပ်နှောင်ခြင်း ခံခဲ့ရသည်။

ယခုစီရင်ချက်ပေါ် သူမက အယူခံဝင်ဖြစ်ကြောင်း၊ တရားစီရင်မှုမှာလည်း နိုင်ငံရေးပယောဂနှင့် မကင်းကြောင်းဆိုသည်။

တရားစီရင်ချိန်တွင် သူမကိုထောက်ခံသူများနှင့် သံတမန်အသိုင်းအ၀န်းအချို့ စုပြုံရောက်ရှိလာခဲ့ကြသည်။ အမိန့်ချ မှတ်ပြီးချိန်တွင် အင်ဂါဘရိက ထောင်ဒဏ်ကိုလက်မခံနိုင်ကြောင်း၊ ဆက်လက်တိုက်ပွဲ ၀င်မည်ဖြစ်ကြောင်း အော်ဟစ် ပြောဆိုခဲ့သည်။

လွန်ခဲ့သောနှစ်ကလည်း ဗဟိုတရားရုံးတွင် သူမ၏ အမှုအတွက်
ဆွဲချများနှင် ခုခံလျှောက်လှဲသူတို့သည် အပြန်အလှန် အားပြိုင်ခဲ့ကြသည်။

အင်ဂါဘရီသာ ဟူတူလူမျိုးတစ်ဦးဖြစ်သည်။ သူမက ၁၉၉၄ခုနှစ်က မျိုးဖြုတ်သတ်ဖြတ်မှုများတွက် ရ၀မ်ဒါ၏ တရားဝင် အောက်မေ့ဖွယ်ရာများတွင် ဟူတူလူမျိုးတို့ကို မည်သည့်အတွက်ကြောင့် ဖယ်ထားခဲ့သနည်းဟု မေးခွန်းထုတ်ခဲ့သည်။ ၁၉၉၄ခုနှစ်က ဖြစ်ရပ်ဆိုးတွင် တူတစ်လူမျိုး ရှစ်သိန်းခန့် သေဆုံးခဲ့သလို ဟူတူအစွန်းရောက်သမားတို့၏ လက်ချက်ဖြင့် ဟူတူလူမျိုး အနည်းစုလည်း သေဆုံးခဲ့ကြသည်။

ယခု စီရင်ချက် အသစ်အတွက် သမ္မတ ပေါ်ကာဂိမ်းသည် ဖိနှပ်မှုနှင့် တရားမျှတမှုမရှိခြင်းတို့ ပိုမိုလုပ်လာသည်ဟု ဝေဖန်မှုများ တိုးပွားလာခဲ့သည်။

Ref: Al jazeera
The Myanma Age

0 comments:

Post a Comment